A d v e r t i s e m e n t With Us

အပြောင်းအရွှေ့ကာလတွင် ကစားသမားဝယ်ရန် အာဆင်နယ် တုံ့ဆိုင်းနေမည် မဟုတ်

ဓာတ်ပုံ - ရိုက်တာ
အပြောင်းအရွှေ့ကာလမှာ ကစားသမား ၀ယ်ယူရေး ငွေအသုံးပြုဖို့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်က စိုးရွံ့နေမှာ မဟုတ်ဘူးလို့ နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ အောက်တိုဘာ ၁၅ ရက် နှစ်ပတ်လည် ဆွေးနွေးပွဲမှာ ရှယ်ယာပိုင်ဆိုင်တဲ့သူတွေကို အာစင်ဝင်းဂါးက ပြောလိုက်တာ ဖြစ်ပါတယ်။ "ငွေသုံးဖို့ ကျနော်တို့ စိုးရွံ့နေမှာ မဟုတ်ပါဘူး၊ ဒီကိစ္စအတွက် ကျနော့်မှာ နာမည်ကောင်းရှိတာ သိပါတယ်၊ ကစားသမားက အရည်အသွေးရှိရင် ငွေသုံးပါမယ်” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ အာဆင်နယ်က နွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမား ပီတာချက်ကိုသာ ချဲလ်ဆီးကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးတဦးကိုမှ ခေါ်ယူခဲ့ခြင်း မရှိတဲ့ ၀င်းဂါးကို ပရိသတ်တွေက ဝေဖန်နေပါတယ်။ ရှယ်ယာပိုင်ဆိုင်သူတဦးက ကစားသမားသစ် ဘာကြောင့် မ၀ယ်ယူသလဲဆိုတဲ့ အမေးကိုတော့ အသင်းတည်ဆောက်တာ အောင်မြင်နေတဲ့အတွက် ၀ယ်ယူခြင်း မပြုဘူးလို့ ဆိုပါတယ်။ အာဆင်နယ်ဟာ ၂၀၁၄ မှာ ဆန်းချက်ဇ်ကို ပေါင် ၃၅ သန်းနဲ့ ဘာစီလိုနာကနေ ခေါ်ယူခဲ့သလို အိုဇေးကို ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၄၂ ဒသမ ၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up