A d v e r t i s e m e n t With Us

တိုက်စစ်မှူးများတွင် မက်ဆီသည် ရင်ဆိုင်ရ အခက်ဆုံးဟု ဂိုးသမား ကားဆီးလက်စ် ပြော

ဓာတ်ပုံ - goal.com
ဘာစီလိုနာအသင်း ကစားသမား လီယွန်နယ် မက်ဆီက တိုက်စစ်မှူးတွေထဲမှာ ရင်ဆိုင်ရ အခက်ခဲဆုံး ဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကာဆီးလက်စ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပေါ်တိုအသင်းကို မပြောင်းရွှေ့မီ အချိန်ထိ ကာဆီးလက်စ်ဟာ ဘာစီလိုနာက မက်ဆီနဲ့ အမြဲလိုလို ရင်ဆိုင်ခဲ့ရပြီး မက်ဆီဟာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ မက်ဆီက အခက်အခဲဆုံး ရင်ဆိုင်ရတဲ့ ပြိုင်ဘက်ဖြစ်တယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ် လူမှုရေး ကွန်ရက် ဖေ့စ်ဘွတ်ခ်က ပရိသတ်တဦး မေးမြန်းချက်ကို ပြန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၂ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဘေယာလေဗာကူဆင်နဲ့ ကစားတဲ့ပွဲမှာ အကောင်းဆုံး အကာကွယ် ပေးနိုင်ခဲ့သလို ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရော်ဘင် ဂိုးသွင်းဖို့ ကြိုးစားတာကို ကာကွယ်ခဲ့တာဟာ အကောင်းဆုံး ဖြစ်တယ်လို့ ကာဆီးလက်စ်က ပြောပါတယ်။ ဂိုးသမားတယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ သန်မာဖို့ လိုသလို စွန့်စားမှု၊ သတ္တိနဲ့ ပညာသားပါဖို့ လိုတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up