ဘောလုံးအဖွဲ့ချုပ် ဒဏ်ငွေ ရှက်ဖွယ်ဖြစ်ဟု မော်ရင်ဟို ပြော

ဓာတ်ပုံ - ပီအေ
1.8K
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒဏ်ငွေ ပေါင် ၅၀၀၀၀ ပေးဆောင်ဖို့ ချမှတ်လိုက်တာဟာ ရှက်စရာကောင်းတဲ့ ဖြစ်ရပ်လို့ ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပြောပါတယ်။
ဆောက်သမ်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ တာဝန်ရှိသူတွေက ချဲလ်ဆီးအသင်းကို ပယ်နယ်တီပေးဖို့ ကြောက်ရွံ့တယ်ဆိုပြီး ဒိုင်တွေကို ဝေဖန်ခဲ့လို့ ဒဏ်ငွေပေးဆောင်ဖို့ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၄ ရက်က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်တွေထဲမှာ မော်ရင်ဟိုက ချဲလ်ဆီးအသင်းကို ကြီးကြပ်ခွင့်တပွဲ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
“ပေါင် ၅၀၀၀၀ က ရှက်စရာပါ၊ ကွင်းထဲမှာ ကြီးကြပ်ခွင့် ပိတ်ပင်ခံရတာကတော့ အံ့သြစရာပါ” လို့ မော်ရင်ဟိုက တုံ့ပြန်ပါတယ်။
အရင်လကလည်း ကလပ်အသင်း ဆရာဝန် အီဗာ ကာနီရီယိုကိုအပေါ် ခွဲခြားတဲ့ မှတ်ချက်စကားနဲ့ ပတ်သက်လို့တော့ ဘောလုံးအဖွဲ့ချုပ်က စွဲဆိုခဲ့ခြင်း မရှိပါဘူး။
အရင်နှစ်ကလည်း ဒိုင်တွေကို လွှမ်းမိုးအောင် စည်းရုံးလှုပ်ရှားမှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် မော်ရင်ဟို စွဲချက်တင်ခံခဲ့ရပါတယ်။