A d v e r t i s e m e n t With Us

အာဆင်နယ် အိမ်ကွင်းလက်မှတ်ဈေးနှုန်း ကြီးမြင့်မှု ဘိုင်ယန် ပရိသတ်များ ဆန္ဒပြမည်

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ရဲ့ အိမ်ကွင်းလက်မှတ် ဈေးနှုန်းကြီးမြင့်မှုကို ဂျာမနီ ဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ် ပရိသတ်တွေ ဆန္ဒပြဖို့ စီစဉ်နေပါတယ်။ လာမယ့်သီတင်းပတ် အာဆင်နယ် အိမ်ကွင်းမှာ ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းက ၆၄ ပေါင်ထက် ကျော်လွန်နေပြီး ပွဲကစားတဲ့နေ့မှာ ၀ယ်ယူရင် ၉၇ ပေါင်နဲ့ အမြင့်ဆုံး ဖြစ်နေပါတယ်။ ဆန္ဒပြတဲ့အနေနဲ့ ပွဲအစ ၅ မိနစ်မှာ ဘောလုံးကွင်းထဲကို ၀င်မှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်အသင်း အားပေးတဲ့သူတွေက ပြောပါတယ်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးကတော့ တန်ဖိုးရှိအောင် ပံ့ပိုးပေးဖို့က သူ့အလုပ်ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ အဝေးကွင်းပွဲစဉ်တွေမှာတော့ အာဆင်နယ်အသင်း လက်မှတ်ဈေးနှုန်းကတော့ ၂၆ ပေါင်ကနေ ၆၄ ပေါင် ရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ တရာသီစာ လက်မှတ်ဈေးနှုန်းကတော့ ၁၀၁၄ ကနေ ၂၀၁၃ ပေါင် အထိ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up