A d v e r t i s e m e n t With Us

မြန်မာနိုင်ငံတွင် ထိုင်းဘမ်ရွမ်ကရက်ကုမ္ပဏီ ဆေးခန်းဖွင့်လှစ်ခွင့် လိုင်စင်ရ

ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးဆေးဝါးကုသရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ ဘမ်ရွမ်ကရက်ကုမ္ပဏီကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကဆေးခန်းနဲ့ ရောဂါရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်း ဖွင့် လှစ်ခွင့် လိုင်စင်ပေးလိုက်ပြီလို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှဒေသတွေဆီကို လုပ်ငန်းချဲ့ထွင်ဖို့ကြိုးစားနေ ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဘမ်ရွမ်ကရက်ဆေးရုံကို လာရောက်ကုသကြသူတွေရဲ့ ၆၆ ရာခိုင်နှုန်းဟာ နိုင်ငံ တကာမှဖြစ်ပြီး မြန်မာနိုင်ငံကတော့ ဆေးရုံရဲ့လာရောက်ကုသမှုအများဆုံးစာရင်းထဲမှာ ပါနေတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လကထုတ်ပြန်တဲ့ ကုမ္ပဏီစာရင်းဇယားတွေက ဆိုပါတယ်။ ခုဖွင့်လှစ်မယ့် ပုဂ္ဂလိကဆေးခန်းနဲ့ ရောဂါရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းကို ထိုင်းနိုင်ငံ ဘမ်ရွမ်ကရက် ကျန်းမာရေးကွန်ရက်ဝန်ဆောင်မှုကုမ္ပဏီက ၈၀ ရာခိုင်နှုန်းနဲ့ မြန် မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆေးကုသမှုဆိုင်ရာဝန်ဆောင်မှုကုမ္ပဏီက ၂၀ ရာ ခိုင်နှုန်းစီရင်းနှီးမြှုပ်နှံကြမယ်လို့ ကုမ္ပဏီရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆေးကုသမှုဆိုင်ရာ ၀န်ဆောင်မှုကုမ္ပဏီဟာ ဘမ်ရွမ် ကရက်ဆေးရုံရဲ့တရားဝင် ကိုယ်စားလှယ်ရုံးဖြစ်လာမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဘမ်ရွမ်ကရက်ကုမ္ပဏီအနေနဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၄ ဘီလီယံသုံးစွဲသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up