A d v e r t i s e m e n t With Us

မြန်မာမူဝါဒ အပြောင်းအလဲတွင် အရေးပါခဲ့သူ ဂျင်ဝက်ဘ် လူသတ်ခဲ့ကြောင်း ပြော

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားရဲ့ မြန်မာ့မူဝါဒ အပြောင်းအလဲမှာ အရေးပါသူတဦးဖြစ်တဲ့ ဂျင်ဝက်ဘ်ဟာ လူသတ်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက် လတ်ဗေးဂတ်စ်ရှိ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း စကားရည်လုပွဲမှာ သဘာပတိလုပ်ဆောင်သူက ဘ၀မှာ ဂုဏ်အယူဆုံး ရန်သူတွေအကြောင်းကို မေးမြန်းရာမှာ ဗီယက်နမ် စစ်ပြန်တဦးဖြစ်သူ ဂျင်ဝက်ဘ်က လူသတ်ခဲ့တဲ့အကြောင်းကို ပြန်ပြောင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဗာဂျီးနီးယား လွှတ်တော်အမတ်ဟောင်း ဂျင်ဝက်ဘ်က သူ့ကို လက်ပစ်ဗုံးနဲ့ ချိန်ထားတဲ့သူကို သတ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော်ကို ဒဏ်ရာရစေတဲ့ လက်ပစ်ဗုံးနဲ့ ပစ်တဲ့ရန်သူ စစ်သားလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို စကားပြောဖို့ ဒီအနီးအနားမှာ မရှိတော့ပါဘူး” လို့ ဂျင်ဝက်ဘ်က ပြောဆိုခဲ့ပါတယ်။ တကယ်တော့ အမေရိကန် သမ္မတတွေ ဖြစ်တဲ့ အင်ဒရှုးဂျက်ဆင်၊ ဂလိုဗာ ကလီဗာလန့်နဲ့ တက်ဒီရုစဗဲ့တို့ကလည်း တိုက်ရိုက်လူသတ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဂျင်ဝက်ဘ်ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲကို ၀င်ရောက်ခဲ့လို့ အကျဉ်းကျခံနေရတဲ့ အမေရိကန် နိုင်ငံသား ဂျွန်ယက်ထောကို လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ကို ပြန်ရောက်ပြီး မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရိုပ်သိမ်းပေးဖို့ ဆောင်းပါးတပုဒ်ကိုလည်း နယူးယောက်တိုင်မ်းမှာ ရေးသားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up