ကာချုပ်ပုံ ခြေထောက်ဖြင့် နင်းထားသည့်ဓာတ်ပုံ ဖေ့စ်ဘွတ်ခ်တင်သူ ဖမ်းဆီးခံရ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဓာတ်ပုံ ခြေထောက်နဲ့နင်းထားတဲ့ပုံကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့တဲ့အတွက် ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူရဲ့ ခင်ပွန်း ဦးခွန်ဂျာလီကို လှိုင်ရဲစခန်းက အောက်တိုဘာ ၁၄ ရက်နေ့ နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ည ၇ နာရီခွဲလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဒီကနေ့ မနက်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးလို့ ဖမ်းဆီးခံရသူဘက်က လိုက်လံကူညီပေးနေသူ ကိုသွင်လင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိအချိန်ထိတော့ မိသားစုနဲ့ တွေ့ခွင့်မပေးတဲ့အတွက် အမှုဖွင့်ပုံ အသေးစိတ်တွေကို မသိရသေးပါဘူး။ အောက်တိုဘာ ၆ ရက်နေ့မှာလည်း အခုဖြစ်စဉ်နဲ့ အလားတူတဲ့ ဖြစ်စဉ်တခုဖြစ်ပွားခဲ့ပြီး ဇော်မျိုးညွန့်အမည်နဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ မရမ်းကုန်းရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။

More News
Up