ဂျပန်တွင် ၀က်ဝံကို အနီးကပ်ဆုံး ဓာတ်ပုံရိုက် (ရုပ်သံ)

3K
ဂျပန်နိုင်ငံမှာတော့ ဖန်အိမ်ထဲကို ၀င်ပြီး ၀က်ဝံကို အနီးကပ်ဆုံး ဓာတ်ပုံ ဗွီဒီယို ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။
ဂျပန်ရုပ်သံက ထုတ်လွှင့်သွားတဲ့ ၁၄ စက္ကန့်ကြာတဲ့ ဗွီဒီယိုကလစ်တခုမှာတော့ ဖန်အိမ်ထဲမှာ ရှိနေတဲ့ အမျိုးသမီးတဦးကို ၀က်ဝံက ဖမ်းဖို့ ကြိုးစားနေပါတယ်။
ဝက်ဝံက ဖန်အိမ်ကို ဟိုဘက်ဒီဘက်တွန်းထိုးနေသလို အမျိုးသမီးကလည်း အထဲမှာ ကျွမ်းထိုးမှောက်ခုံ ဖြစ်နေပါတယ်။ အမျိုးသမီးက လက်ထဲက ကင်မရာနဲ့ ၀က်ဝံရဲ့ တိုက်ခိုက်မှုကို မှတ်တမ်းရယူနေပါတယ်။
ဂျပန်ရုပ်သံ အစီအစဉ်တခုရဲ့ အကြိုမြင်ကွင်းဖြစ်ပြီး ၀က်ဝံ ဒါကိုတာနဲ့ ရိုက်ယူထားတာလို့ သတင်းတွေက ဆိုပါတယ်။