မကွေးတံတား မင်းဘူးတိုးဂိတ်တွင် မြေပြို လူ ၄ ဦးနှင့်ဆိုင်ကယ်များ ပိမိ (ရုပ်သံ)







5.1K
မိုးသည်းထန်ရွာသွန်းမှုကြောင့် မကွေးတံတား မင်းဘူးဘက်က တိုးဂိတ်မှာ ဒီမနက် ၁၀ နာရီကျော်လောက်က မြေပြိုမှုဖြစ်ပွားခဲ့တဲ့တွက် လူ ၄ ဦး ပိမိနေပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေက လူအင်အားနဲ့ တူးဖော်နေကြပြီးအမျိုးသမီးတဦးကိုတော့ ကိုယ်ဆယ်နိုင်တယ်လို့ ဒေသခံ ဦးတင်ရွှေက ပြောပါတယ်။
“မိုးရွာ များလို့ပေါ့။ အဲဒါက ကမ်းပါးဘေးမှာကိုး မိုးရွာတာများတော့ ဒီမြေက အထိန်းအကွပ် မရှိတော့ မြေပြိုတာ။ အဲဒီမှာ ဂိတ်ကြေးပေးပြီး ဖြတ်တဲ့ ဆိုင်ကယ် ၃ စီးပိမိ နေတယ်လို့ ပြောတယ်။ အမျိုးသမီးတယောက်ကိုတော့ ရတယ်။ အခု လူအင်အားနဲ့ ဖော်နေတာ ဘက်ဖိုးတို့ ဘာတို့ မရှိသေးတော့လေ။”
အဆိုပါတံတားဟာ ဧရာဝတီမြစ်ပေါ်တည်ဆောက်တဲ့ မကွေး-မင်းဘူးတံတားဖြစ်ပြီး လက်ရှိ မြေပြိုမှုဖြစ်တဲ့နေရာဟာ မင်းဘူးဘက် ငွေကောက်ခံတဲ့ တိုးဂိတ်မှာ ဖြစ်ပွားတာလို့ ပြောပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေရောက်လာကူညီနေ့မယ့် လူအင်အားနဲ့သာ တူးဖော်တဲ့အတွက် မြေပိမိသူတွေ အသက်ရှင်ဖို့ မလွယ်ဘူးလို့လည်း ဦးတင်ရွှေက ပြောပါတယ်။
ဓာတ်ပုံ - တင်ရွှေ (မင်းဘူး)
ဗွီဒီယို - စိုးမင်းလွင်