အီကွေဒေါ ၂- ၀ ဘိုလီးဗီးယား ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ရုပ်သံ)

1.8K
၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အီကွေဒေါက ဘိုလီးဗီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
အီကွေဒေါမြို့တော် ကီတိုမှာ သည်းထန်စွာရွာသွန်းတဲ့ မိုးကြောင့် ကွင်းရေလွှမ်းခဲ့ပြီး ပွဲက ရပ်ဆိုင်းမလို ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေက ပထမပိုင်းမှာ ကစားသမားတွေအတွက် ကစားရခက်ခဲစေပါတယ်။
ဒုတိယပိုင်းက အခြေအနေက တိုးတက်လာခဲ့သလို အီကွေဒေါက ဂိုးရလုနီးပါးအခြေအနေတွေ ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းနေသလို ဘိုလီးဗီးယား ဂိုးသမား ကောင်းစွာ ကာကွယ်နိုင်တဲ့ အတွက် ဂိုးမရဖြစ်ခဲ့ပါတယ်။
တတိယပိုင်း ပွဲပြီးခါနီး မိနစ် ၈၀ ကျော် အီကွေဒေါအသင်းက ၂ ဂိုး ဆက်တိုက်သွင်းယူပြီး အနိုင်ရရှိသွားတာဖြစ်ပါတယ်။
၈၁ မိနစ်မှာ အီကွေဒေါက ပထမဂိုးသွင်းယူပြီး နာကျင်အချိန်ပိုမှာ ၁ ဂိုးထပ်မံ သွင်းယူသွားခဲ့ပါ တယ်။
ဒီအတွက် ခြေစစ်ပွဲမှာ အီကွေဒေါအသင်းက ၂ ပွဲကစား ၂ ပွဲ အနိုင်ရရှိထားတဲ့ အသင်းဖြစ်လာပါတယ်။