Home
ရုပျသံ
စင်ကာပူနှင့် တောင်ကိုရီးယားတွင် ကြိုတင်မဲ စပေးပြီ (ရုပ်သံ)
DVB
·
October 15, 2015
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်ဆန္ဒမဲ ပေးမှုတွေကို ဒီနေ့ကစလို့ စင်ကာပူနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ စတင်နေပါတယ်။ အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားတဲ့ အဲဒီ ကြိုတင်မဲပေးပွဲတွေကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာတော့ ဒီနေ့ မနက် ၈ နာရီလောက်ကစပြီး လူ ၂၀၀ ကျော် တန်းစီခဲ့ကြပါတယ်။ ကြိုတင်မဲရုံမှာလည်း ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို မှတ်တမ်းတင်တာကို ခွင့်ပြုမှာ မဟုတ်ပါဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ လျှောက်လွှာတင်ရမှာ ဖြစ်ပြီး စာရင်းပေးသွင်းခဲ့သူ အများအပြားဟာလည်း အခုထုတ်ပြန်ထားတဲ့ ကြိုတင်မဲပေးခွင့်ရတဲ့ စာရင်းထဲမှာ မပါဝင်ကြဘူး လို့လည်း သိရှိရပါတယ်။ ပြည်ပကနေ ဆန္ဒမဲပေးကြဖို့ စာရင်းပေးသွင်းသူ ၃ သောင်း ၀န်ကျင်ရှိခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတဆင့် သိရပြီး အဲဒီထဲမှာ စင်ကာပူက အများဆုံးနဲ့ တောင်ကိုရီးယားက ဒုတိယအများဆုံးလို့ သိရှိရပါတယ်။ ရုပ်သံ - စလုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024