A d v e r t i s e m e n t With Us

ဒိုင်လူကြီးအပေါ် ဝေဖန်မှုကြောင့် မော်ရင်ဟို အရေးယူခံရ

Real Madrid's manager Jose Mourinho watches the warmup before the Champions League Group D soccer match against Manchester City at The Etihad Stadium in Manchester, northern England, November 21, 2012. REUTERS/Darren Staples
ဒိုင်လူကြီးတွေအပေါ် ပြောဆိုတဲ့ မှတ်ချက်စကားကြောင့် ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ဟိုကို အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။ နည်းပြ မော်ရင်ဟိုက ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ကွင်းလယ်ဒိုင်က သူ့အသင်းကို ပင်နယ်တီပေးဖို့ ကြောက်နေတယ်ဆိုပြီး ပြောဆိုခဲ့တာပါ။ ဒီစကားကြောင့် အက်ဖ်အေက ချဲလ်ဆီး နည်းပြကို ပွဲပယ် ၁ ပွဲနဲ့ ဒဏ်ငွေ ပေါင် ၅ သောင်းပေးဖို့ သတ်မှတ်ခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ ချဲလ်ဆီးဟာ ဒီနှစ်ရာသီအစမှာ ရလဒ်တွေ မကောင်းလို့ ကစားပြီးတဲ့ ၈ ပွဲမှာ ၈ မှတ်ရသေးပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up