A d v e r t i s e m e n t With Us

သစ်ပင်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် နည်းပညာ ချီလီကျောင်းသူ ၃ ဦး တီထွင် (ရုပ်သံ)

ချီလီအင်ဂျင်နီယာတက္ကသိုလ်ကျောင်းသူ ၃ ဦးဟာ သစ်ပင်တွေကနေ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်တဲ့နည်းပညာကို အခြေခံပြီး စမတ်ဖုန်းဘက်ထရီအားသွင်းစက်တလုံးကို တီထွင်ခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်က စာမေးပွဲကာလအတွင်း သူတို့တွေရဲ့ စမတ်ဖုန်းတွေ ဘက်ထရီအားကုန်သွားပြီး အဆင်မပြေမှုတွေ ဖြစ်ခဲ့တဲ့အချိန်မှာ ဒီစိတ်ကူးလေး ပထမဆုံး ရရှိခဲ့ကြတာပါ။ သစ်ပင်တွေဟာ အောက်စီဂျင်ကို ထုတ်လုပ်ရင်း စွမ်းအင်လည်း ထုတ်လုပ်တယ်ဆိုရင် စမတ်ဖုန်း ဘက်ထရီလည်း အားသွင်းနိုင်မယ်ဆိုတာ သိရှိခဲ့တယ်။ သစ်ပင်လေးတွေမှာ အားသွင်း ပလတ်ခေါင်းလေး တွေ တပ်လိုက်မယ်။ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ သစ်ပင်တွေအများကြီးရှိတဲ့အတွက် လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်တဲ့ နေရာလည်း အများကြီး ရရှိလာမယ်လို့ အီလက်ထရောနစ်အင်ဂျင်နီယာ ကျောင်းသူတဦးဖြစ်တဲ့ EVELYN ARAVENA ကပြောပြပါတယ်။ အဲ့ဒီနောက် သူတို့ ၃ ယောက်ပေါင်းပြီး အီကာရီယာ E-Kaia ဆိုတဲ့ ဘိုင်ဘိုဆားကစ်လေးတခုကို တီထွင်ခဲ့ကြပါတယ်။ အဲ့ဒီ ဘိုင်အိုဆားကစ်လေးကို အပင်ရင်းမှာ ထိုးစိုက်လိုက်တာနဲ့ photosynthesis နည်းနဲ့ အပင်ကနေထွက်လာတဲ့ စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးလိုက်တာပါ။ ၂ နာရီအတွင်း စမတ်ဖုန်းတွေ ကို အားအပြည့်သွင်းနိုင်တယ်လို့ ဆိုပါတယ်။ အခုတော့ သူတို့စမ်းသပ်ထားတဲ့ ဘက်ထရီအားသွင်းစက်လေးကို အချောသတ်နေပြီး လာမယ့် ၂၀၁၆ ခုနှစ်မှာ စီးပွားဖြစ်ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up