မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသိပညာပေး

947
မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လူထုအကြား ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပညာပေးခြင်း လုပ်ငန်းများအား သိရှိစေရန် ရည်ရွယ်၍ အခြေခံ မဲပေးနည်း သရုပ်ပြသင်တန်းကို မြိတ်မြို့တွင် မြို့ပေါ်နှင့် ရပ်/ ကျေးအလိုက် လိုက်လံပြုလုပ်ပေးနေပါတယ်။
ပြီးခဲ့တဲ့ စတင်ဘာလနောင်းပိုင်းမှ စတင်ကာ ယခုလ အောက်တိုဘာလအထိ ရွေးကောက်ပွဲ မတိုင်မှီ မဲပေးပုံ ပေးနည်း သရုပ်ပြသင်တန်းကို လိုက်လံ သင်ကြားပေးလျက်ရှိကြောင်း မြိတ်ခရိုင် ပွင့်လင်းလူ့အဖွဲ့စည်းမှ သိရပါတယ်။
ပြည်သူလူထုအကြား ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲပေးပုံ ပေးနည်းသင်တန်းကို ပြသပေးနေသော်လည်း လက်ရှိအချိန်အထိ ပြည်သူအများစုမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သိရှိခြင်း နည်းပါးနေသေးကြောင်း မြိတ်မြို့တွင် နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို ပြည်သူများကို အသိပညာပေးခြင်း အားနည်းနေတာ ဖြစ်တယ် လို့ မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးအောင်နိုင်ဦးက ပြောပါတယ်။
သတင်းဓာတ်ပုံ - ကိုဘိတ်