A d v e r t i s e m e n t With Us

၂၀၀၈ နောက်ပိုင်း အမြတ်အစွန်း မန်စီးတီး ကြေညာ

ဓာတ်ပုံ - Mancity
၂၀၀၈ ခုနှစ်နောက်ပိုင်း အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချစ်စတာ စီးတီးကို ရှိုက်မန်ဆာ ၀ယ်ယူပြီးတဲ့နောက် ပထမဆုံးအကြိမ် အကျိုးအမြတ်တွေကို ကြေညာလိုက်ပါတယ်။ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ပေါင် ၁၀.၇ သန်း အကျိုးအမြတ်ရတယ်လို့ နှစ်ပတ်လည် ဘဏ္ဍာရေး ကိန်းဂဏန်းတွေက ဖော်ပြတယ်လို့ ဆိုပါတယ်။ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ငွေကြေးဆိုင်ရာ မျှမျှတတလုပ်ဆောင်ဖို့ လုပ်ထုံးလုပ်နည်းတွေကို သတ်မှတ်စံ မမီတဲ့အတွက် ဒဏ်ကြေး ၁၆ သန်း ပေးဆောင်ဖို့ ရှိနေပေမယ့် အကျိုးအမြတ်ရှိ နေတယ်လို့ ဆိုပါတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီမှာတော့ ပေါင် ၂၂.၉ သန်း အရှုံးပေါ်ခဲ့ပေမယ့် ၇ နှစ်ဆက်တိုက် ၀င်ငွေ တိုးတက်ခဲ့ပြီး ပေါင် ၃၅၁ သန်းထိ ရှိနေပါတယ်။ လိဂ်ကလပ်ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခဲ့ရသလို လက်ရှိလုပ်ဆောင်နေတဲ့ ဘောလုံးကွင်း ပြင်ဆင်မှုတွေကြောင့် အရင်ရာသီက ၀င်လျော့နည်းခဲ့ပေမယ့်လည်း အသင်းတန်ဖိုးက ပေါင် ၆၇၆ သန်းရှိတယ်လို့ မန်စီးတီးက ဆိုပါတယ်။ ဒါအပြင် လုပ်ခ လစာတွေကိုလည်း ၂၀၁၃-၁၄ ဘောလုံးရာသီမှာ ပေါင် ၂၀၅ သန်း သုံးရာကနေ လက်ရှိ ပေါင် ၁၉၃.၅ သန်းကို လျော့ချနိုင်ပြီ ဖြစ်ပါတယ်။ အဘူဒါဘီ တော်ဝင်မိသားစုဝင် မန်ဆာရဲ့ ပိုင်ဆိုင်မှုအောက်မှာ မန်စီးတီးက အရင်ဘောလုံး ရာသီ ၆ ခုက ပေါင် ၅၈၃ သန်းအထိ ရှုံးခဲ့ပါတယ်။ မန်ဆာမိသားစုရဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ ပိုင်ဆိုင်မှုက ပေါင် ၆၄၈ ဘီလီယံ အထိရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up