A d v e r t i s e m e n t With Us

ငွေကြေးပြဿနာ မဖြေရှင်းပါက ပလာတီနီကို မထောက်ခံဟု ဥရောပနိုင်ငံများပြော

ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ပေါင် ၁.၃၅ သန်း ပေးခဲ့တာကို မဖြေရှင်းနိုင်ရင် ဖီဖာဥက္ကဋ္ဌ ရာထူးအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုက်ကယ် ပလာတီနီကို ထောက်ခံသွားမှာ မဟုတ်ဘူးလို့ ဥရောပနိုင်ငံတွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က ဘလတ္တာက ပလာတီနီကို ပေးခဲ့တဲ့ ဒီငွေကိစ္စကို စုံစမ်းစစ်ဆေးခံနေရသလို ပလာတီနီကလည်း မေးမြန်းခံနေရပါတယ်။ ၂ဦးစလုံးကတော့ တစုံတရာ အမှားအယွင်းမလုပ်ဘူးလို့ ငြင်းဆန်ထားပါတယ်။ အောက်တိုဘာ ၁၅ ရက်မှာ ဥရောပ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၅၄ နိုင်ငံက ဒီကိစ္စအပေါ် ဆွေးနွေးတာတွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီငွေကြေးပေးဆောင်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် ရေးမှတ်ထားတဲ့ စာရွက်စာတမ်း အထောက်အထား တစုံတရာ မရှိတဲ့ အတွက် ဖေဖော်ဝါရီ ဖီဖာဥက္ကဋ္ဌရာထူးရွေးရင် ပလာတီနီကို ထောက်ခံဖို့ ဥရောပနိုင်ငံတွေက ပြန်စဉ်းစားဖို့ ရှိနေပါတယ်။ နယ်သာလန်၊ ဂျာမန်၊ ဒိန်းမတ် အရာရှိတွေကတော့ အစည်းအဝေးမှာ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ အာမခံချက်ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ၁၉၉၈-၂၀၀၂ ဘလတ္တာ အကြံပေးအဖြစ် ဆောင်ရွက်စဉ်က လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် ဒီငွေတွေကို ရယူခဲ့တာလို့ ပြောပါတယ်။ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးတွေ လုပ်ဖို့ ၂ ဦးစလုံးကို ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up