A d v e r t i s e m e n t With Us

၂၀၁၅ ခုနှစ် မြို့ပြလူနေထိုင်မှုဘ၀နှင့် လုပ်ငန်းခွင်ဆိုင်ရာ ဆုရဓာတ်ပုံများ

အမေရိကန်နိုင်ငံအခြေစိုက် ကူးသန်းရောင်းဝယ်ရေးနဲ့ အိမ်ခြံမြေ၀န်ဆောင်မှုအဖွဲ့ဟာ နှစ်စဉ်မြို့ပြလူနေထိုင်မှုဘ၀နဲ့လုပ်ငန်းခွင်ဆိုင်ရာဓာတ်ပုံဆုတွေကို ကျင်းပခဲ့တာ ခုနှစ်ဆိုရင် ၉ ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှ ပညာရှင်အဆင့်နဲ့ အပျော်တမ်းဝါသနာရှင်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ ပုံပေါင်း ၂ သောင်း ၁ ထောင်ကျော်ရှိတယ်လို့ အဲဒီအဖွဲ့ရဲ့ အင်တာ နက်စာမျက်နှာမှာ ဖော်ပြပါတယ်။ ဒီနှစ်အတွက် ဆုတဲ့ဓာတ်ပုံတွေကို သည်ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ ၁။ နှင်းမုန်တိုင်းနေ့များလို့ အမည်ပေးထားတဲ့ မိုဘိုင်းအမျိုးအစားရိုက်ကူးမှုကဏ္ဍ မှာ ဆုရတဲ့ဓာတ်ပုံဖြစ်ပြီး တရုတ်နိုင်ငံမှ ကိုကူးလျူးက ချီကာဂိုမြို့ကုန်သွယ်ရေးဘုတ်အ ဖွဲ့အဆောက်အအုံကို ရိုက်ကူးထားတာပါ။ 3172 ၂။ ဈေးထဲကသားငါးတန်းလို့ အမည်ပေးထားတဲ့ ပုံကတော့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ပီတာဂရင်းနေးက ရိုက်ကူးခဲ့ပြီး အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆုရရှိခဲ့တာပါ။ 4644 ၃။ အမေရိကဒေသဆိုင်ရာဆုရရှိခဲ့တဲ့ ဒီပုံကတော့ ဆောင်းရာသီလုပ်ငန်းခွင်လို့ အမည်ပေးထားပြီး ကနေဒါနိုင်ငံ၊ ကာလ်ဂယ်ရီ နိုင်ငံတကာလေဆိပ်မှာ ရေခဲနဲ့ နှင်းတွေ ဖယ်ရှားတဲ့ လုပ်ငန်းခွင်ကို ခရစ္စတိုဖာမာတင်က ရိုက်ကူးခဲ့ပါတယ်။ 5110 ၄။ ကာတာနိုင်ငံ၊ ဒိုဟာမြို့က နာရီပြင်ဆရာတယောက်ရဲ့ပုံကို ရိုက်ကူးထားခဲ့တဲ့ ပုံကတော့ ဖိလစ်ပိုင်ဓာတ်ပုံဆရာ အော်စကာရီယာလူဘင်က ရိုက်ကူးပြီး ဆုရတဲ့ပုံပါ။ နာရီအလိုက်သတ်မှတ်ပြီး ရိုက်ကူးတဲ့ မြို့ပြလူနေထိုင်မှုဘ၀နှင့် လုပ်ငန်းခွင်ဆိုင်ရာ ဆုရဓာတ်ပုံတွေကတော့ အောက်မှာဖော်ပြထားပါတယ်။ 2400 ~အလုပ်သမားများ - ၁၃.၀၀ နာရီ (မတ်ခ်ျဖီကယ်အလန်း) 4000 ~လုပ်ငန်းခွင်တွင်းမှာ - ၁၆.၀၀ နာရီ (အန်ခစ်နာရန်း) 5596 ~ခွေးများနှင့်လမ်းလျှောက်သူ - ၁၅.၀၀ နာရီ (ဂျိုဟန်နာဆိဂ်မန်း) 7520 ~လွှမ်းမိုးမှုကို စီမံခန့်ခွဲခြင်း - ၀၀.၀၀ နာရီ (ပက်ဒရိုမက်ချာဒိုဂင်းမရေးလင်းစ်) 4724 ~လမ်းဆုံ - ၀၄.၀၀ နာရီ (ဂျိုချုဝါချာယို) 5184 ~လူသားပြတိုက် - ၁၄.၀၀ (ဂျို့ခ်ျမာလပ်ဖ်ဖရေးရီးယား) 5509 ~ဘုံနေထိုင်မှုအခန်း - ၀၂.၀၀ (ဆူဂျန်ဆာကာ) 4800 ~ဒီဂျစ်တယ်ခေတ် အတွဲ-၂ - ၂၂.၀၀ နာရီ (မာတင်ဖော်တစ်ဂ်ျဆစ်) 5616 ~အရှေ့တိုင်းအစားအစာ - ၂၃.၀၀ နာရီ (မားကို့စ်ဆိုဘရယ်) 4256 ~ အသင့်ခေါ်ဆောက်လုပ်ရေးလုပ်ငန်းခွင် - ၁၀.၀၀ နာရီ (ဂျီရော့ဖ်ဝီလျံ) 3425

A d v e r t i s e m e n t With Us

More News
Up