Home
မေးမြန်းခန်း
နာရီဝက်အတွင်း ထွက်ရမယ်၊ မဟုတ်ရင် အကုန်သတ်မယ်လို့ ခြိမ်းခြောက်တယ် - ဦးခေါဘော့မ်
နော်နိုရင်း
·
October 14, 2015
က​ချင်​ပြည်​နယ် ​ချီ​ဖွေ​မြို့​နယ် ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ပါ​တီ​ရဲ့ ​မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ​လက်​နက်​ကိုင် ​လူ​တ​စု​က ​ဝင်​ရောက် ​ဖျက်​ဆီး​သွား​ပြီး လူကိုလည်း ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်ခိုက်ခံရတဲ့ ချီဖွေ ပြည်နယ်လွတ်တော်မဲဆန္ဒနယ် အမှတ် (၂) ရဲ့ ကိုယ်စားလှယ်လောင်း ဦးခေါဘောမ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ “ကျနော်တို့ မဲဆွယ်မယ့်နေရာတောင် မရောက်သေးဘူး၊ တည်းခိုခန်းတခုမှာပါ။ အဲဒါ သူတို့က ကျနော်တို့ ပါလာတဲ့ စက်ပစ္စည်းတွေ အကုန်လုံး ရိုက်ချိုး၊ ရိုက်ခွဲ၊ ရိုက်လှန်ပြီးမှ ကျနော်တည်းနေတဲ့ ကျနော့်ရဲ့ အပေါ်ထပ်အခန်းကိုလည်း အခန်းတံခါး လာကန်ဖွင့်ပြီးမှ ကျနော်တို့ကို လည်ပင်းလာညစ်တယ်။ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့လူကို လာထိုးကြိတ်တယ်။ အဲလိုမျိုး နည်းနည်းအကြမ်းဖက်ထားတာပေါ့။ ပြီးတော့ နာရီဝက်အတွင်း အမြန်ဆုံး ဆုတ်ခွာရမယ်၊ ထွက်သွားရမယ်။ မဟုတ်ရင် အကုန်သတ်ပစ်မယ်။ အဲလိုခြိမ်းခြောက်တာပါ။ အဲဒါနဲ့ ကျနော်တို့လည်း မှောင်မှောင်မည်းမည်းမှာ ညတွင်းချင်း ပြန်ဆုတ်ခဲ့ရပါတယ်။” အဲဒါ ဘယ်နေရာမှာဖြစ်တာလဲရှင်။ nld cc“အဲဒါက ချီဖွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂  ကန်းဖန်းဆိုတဲ့ေ နရာမှာဖြစ်ပါတယ်။ ကြားဖူးမှာပါ။ တချိန်က ဦးနု ပထစ အစိုးရခေတ် တရုတ်တွေကို ပေးလိုက်တဲ့ နယ် ၃ နယ်ထဲက အကျန်ဖြစ်တဲ့တနယ်ပါ။ ကန်းဖမ်မှာဖြစ်တာ။ ချောင်းလေးပဲခြားတယ်။ တဖက်က တရုတ်နိုင်ငံဖြစ်နေတယ်။ အဲဒီနေရာပါ။  ” အဲဒါက ဘယ်နေ့ကဖြစ်တာလဲ။ “အဲဒါ ၁၂ ရက်နေ့ည ၈ နာရီတိတိမှာဖြစ်ပါတယ်။” အဲလိုလာလုပ်တဲ့ အဖွဲ့က ဘယ်အဖွဲ့ကလဲ။ nld c“လက်နက်တွေလည်း ကိုင်ထားတယ်။ အကျီတွေဝတ်ထားတာကကျတော့ ဌာနေ ပြည်သူ့စစ်ဆိုတဲ့ အင်္ကျီဝတ်ထားပါတယ်။ လက်နက်တွေကတော့ အစုံပေါ့။ အတိုကော၊ အရှည်ကော ကိုင်ထားပြီးမှ သူတိုရဲ့ နဖူးစည်းတွေမှာကျတော့ မနောတိုင် နဖူးစည်းတွေပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ နဖူးစည်းတွေပါတယ်။ နောက်  ဦး​ဇ​ခုန်​တိန့်​ယိန်း​ ကိုယ်တိုင်ရဲ့ သင်္ကေတဖြစ်တဲ့ နေနဲ့ဓား အဲဒါမျိုးပါတယ်။  ယူနီဖောင်းတွေကျတော့ သူတို့ ဌာနေပြည်သူ့စစ်ယူနီဖောင်းတွေနဲ့ လာကြတာပါ။” ဘယ်နှယောက်လောက်လာတာလဲ။ “ကျနော် ညကြီးမှောင်မှောင်ဆိုတော့ဗျာ အနည်းဆုံးကတော့ ၂၀ ကနေ ၂၅ အကြားမှာ ရှိမှာပါ။” အန်ကယ်တို့က ကန်းဖမ်က တည်းခိုခန်းမှာ သွားတည်းတာလား။ “ဟုတ်ကဲ့။ အဲဒီက ကျနော်တို့ အန်အယ်လ်ဒီပါတီဝင်တွေက ကျနော်တို့ရောက်လာလို့ ၀မ်းသာအားရနဲ့ အဲဒီမှာ တည်းစရာဆိုလို့ အဲဒီတခုပဲရှိပါတယ်။ အဲဒီမှာ ၀င်တည်းမိတာပါ။ အဲဒါ သူတို့ရဲ့ တည်းခိုခန်းလိုလို၊ ဘာလိုလို၊ ကျနော်တို့ကို လာဆဲ၊ လာဆူ၊ လာငေါက်တဲ့အခါမှ ကျနော်တို့လည်း သိရတာ။ တည်းခိုခန်းဆိုတာ ငွေပေးပြီး တည်းလို့ရတဲ့အမျိုးပဲ ကျနော်တို့ တွေးမိတယ်လေ။ ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ငွေပေးပြီး တည်းတယ်ဆိုတော့လေ။ အဲဒီမှာ ၀န်ဆောင်မှုပေးနေတာလည်း အားလုံးက တရုတ်မတွေပါ။ ” အန်ကယ်တို့ အဖွဲ့က ဘယ်နှယောက်သွားတာလဲ။ [caption id="attachment_116539" align="aligncenter" width="960"]ချီဖွေမှ မြစ်ကြီးနားကို ပြန်လည်ရောက်ရှိစဉ် ချီဖွေမှ မြစ်ကြီးနားကို ပြန်လည်ရောက်ရှိစဉ်[/caption] “အဲဒီည ခံလိုက်ရတာက အားလုံးကတော့ ကျနော်တို့ ဒီမြစ်ကြီးနားကနေ တက်သွားတာက ၈ ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကို ဌာနေနဲ့ ၀ိုင်းကူတဲ့ လူတွေပါရင် အားလုံး ၁၀ ယောက်ပါ။ ပြီးတော့လည်း နယ်ခံက လီဆူ သူတို့လည်း တခါတည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ကျနော်တို့နဲ့မဆက်သွယ်တော့ဘူး။ ကြောက်အားလန့်အားနဲ့ပဲ သူတို့လည်း အမှောင်ထဲမှာ ပျောက်သွားတာပေါ့။ ကျနော်တို့လည်း နှင်ထုတ်ခံရတော့ ညတွင်းချင်းပဲ မမြင်မကန်းနဲ့ ပြန်လာခဲ့ရတာ။ ” ဘာပစ္စည်းတွေ ပျက်စီးသွားလဲရှင်။ “ဘာပစ္စည်းတွေပါလဲဆိုတော့ ကျနော်တို့ မဲဆွယ်စည်းရုံးမယ့်နေရာမှာ အမေစုရဲ့ ခရီးစဉ်တွေကို ပြဖို့ရယ်၊ သီးချင်းဖွင့်ဖို့ရယ်ဆိုပြီးမှ ရုပ်ရှင်ပြတဲ့ ပရိုဂျက်တာ၊ ပြီးတော့ လက်ပ်တော့ ကွန်ပျူတာရယ်၊ အောက်စက်တွေရယ်၊ အဲဒီမှာ တခုမှမကျန်ဘူး။ စောင်းဘောက်လည်းအကြီးကြီး ဟိုးတလောက်ကပဲ ရန်ကုန်ကနေ ၀ယ်လာတဲ့ဟာ အကုန်လုံး ရိုက်ချိုး ရိုက်ခွဲတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ဗီနိုင်းတွေကို ဆွဲဖြဲပြီးတော့ မီးပုံရှို့၊ အဲလို လုပ်ပြပါတယ်ခင်ဗျာ။ ဘာမှမကျန်အောင်၊ သက်သေလည်း မယူနိုင်အောင် အကုန်လုံး သန်းရှင်းရေး သူတို့ ပြန်လုပ်သွားပါတယ်။ ကင်မရာတွေ ဖုန်းတွေတောင်မှ ကျနော်တို့ လွတ်သွားလို့ပဲ။ မဟုတ်ရင်တော့ အကုန်လုံး ပါသွားနိုင်တယ်။” ဆိုတော့ အဲလို ပျက်စီးသွားတဲ့ ပစ္စည်တန်ဖိုးက ဘယ်လောက်ရှိလဲ။ “ကျနော်တို့ အကုန်တွက်ကြည်တော့ သိန်း ၃၀ အကျော်ပဲရှိမယ်။ ဗမာကျပ်ငွေပေါ့နော်။” ဒီလို လုပ်ဆောင်တဲ့အပေါ်မှာ အန်ကယ်တို့ အမှုဖွင့်ထားတာရှိလား။ “ကျနော်တို့ဒေသက တော်တော်ခရီးလမ်းပန်းခက်ခဲတယ်ဗျာ။ ဖြစ်ပြီး မနေ့ကမှ ကျနော်တို့ ချီဖွေမြို့ကို ညမှာ ရောက်လာပါတယ်။ အဲဒီမှာ အမှုတော့ လာဖွင့်ထားပါတယ်။ ဒါပေမယ့် မြို့နယ်မှူးက ဖွင့်တဲ့အဆင့်တော့ သူလက်မခံရဲသေးတဲ့ အကြောင်းနဲ့ အကြောင်းကြားစာကို လက်ခံတယ်ဆိုတဲ့ အကြောင်းနဲ့ပဲ တော်တော်လေး ၂ နာရီလောက်ဆွေးနွေးယူပြီးမှ ဒီနေ့ မိုးလင်းတာနဲ့ မြစ်ကြီးနားဘက်ကို ပြန်ဆင်းလာတာ။ အခုလည်း လမ်းခုလပ်မှာပဲရှိပါသေးတယ်။ ရုံးကိုလည်း မရောက်သေးပါဘူး။ အိမ်လည်းမရောက်သေးပါဘူး။ ဖုန်းလာလို့ ကျနော်ကောက်ကိုင်လိုက်တာပါ။” အခုဖြစ်စဉ်က အန်အယ်လ်ဒီပါတီတခုပဲဖြစ်တာလား၊ ကျန်တဲ့ပါတီကော ဖြစ်သေးလား။ “ကျန်တဲ့ပါတီတွေက သူတို့မမှုပါဘူး။ အန်အယ်လ်ဒီပါတီကိုပဲ သူတို့ အဓိက ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံလူထုတွေအားလုံးက စာမတတ်ပေမယ့်လည်း အမေစု၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အားလုံး သဘောပေါက်နေကြလို့ပါ။ အဲဒါကို သူတို့က မရှုစိမ့်တာလည်း ပါတာပေါ့။” အန်ကယ်တို့ အခုလိုမျိုးဖြစ်စဉ်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ ဆက်ပြီးဘာတွေ လုပ်ဆောင်သွားဖို့ရှိလဲ။ “ကျနော်တို့ကတော့ ပြီးခဲ့တဲ့အချိန်တုန်းကလည်း ဦးဇခုန်တိန့်ယိန်းနဲ့ ပန်ဝါဘက်မှာ တခါဖြစ်ထားတော့ သူက နားလည်ပါတယ်။ ခံဝန်ထိုးပေးပါတယ်။ နောက်တခါ မနှောင့်ယှက်ပါဘူး။ နောက်တခါ နှောင့်ယှက်ရင် ဥပဒေအတိုင်း ဆောင်ရွက်ပါမယ်ဆိုတဲ့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မီရှင်ဥက္ကဋ္ဌကလည်း ကျနော်တို့ကို အဲလို ပြောတဲ့အတွက် ကျနော်တို့ တက်သွားခြင်းဖြစ်တယ်ပေါ့။ အခုဟာက နှောင့်ယှက်ရုံတင်မကဘူး။ အသက်ကိုတောင် အန္တရာယ်ပြုလာတဲ့အတွက် ကျနော်တို့က ဒီဥစ္စာကို ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ မဖြစ်ဖြစ်အောင် ကျနော်တို့က လုပ်သွားမယ်လို့ အဲလိုတိုင်ပင်ထားပါတယ်။” အန်ကယ်ကိုယ်တိုင်က အဲဒီဖြစ်စဉ်မှာပါတယ်ဆိုတော့ ထိခိုက်ဒဏ်ရာရတာ ဘယ်လိုရှိ လဲရှင်။ “ယောင်ကိုင်းတဲ့အဆင့်လောက်ပါပဲ။ အရိုးကျိုးတဲ့အဆင့်တော့ မရောက်ပါဘူး။ ကျနော်က အဲဒီက ဒေသခံလူဆိုရင်လည်း ဒေသခံပါပဲ။ ကျနော်တို့ လာလုပ်တဲ့လူတွေရဲ့ စကားကိုလည်း ကောင်းကောင်းပေါက်ပါတယ်။ အဲဒါ ကျနော်ပြောလိုက်ပါတယ်။ စကားပေါက်တဲ့သူ အချင်းချင်း ခင်ဗျားတို့ အဲလို မလုပ်ပါနဲ့လို့ တောင်းပန်တာ။ သူတို့က ဟိုဗမာကောင် ဘယ်ရောက်သွားလဲ။ အဲဒီကောင်အသေသတ်မယ်။ ကျနော်တိုနဲ့ ဦးကျော်ကျော်ဦးဆိုတဲ့ တယောက်ပါတယ်လေ။ အမျိုးသားလွတ်တော်ကိုယ်စားလှယ်ပေါ့။ ဦးဇခုန်တိန့်ယိန်းရဲ့ ပြိုင်ဘက်လို့ ခေါ်ရမှာပေါ့။ ကျနော်ကလည်း လူသတ်တာတွေဘာတွေ မလုပ်ပါနဲ့ ကျနော်လည်း ဒီဒေသက လူပါလို့ ပြောတော့ မင်းကိုငါသိတယ်တဲ့ မင်းဘာမှ စကားမရှည်နဲ့တဲ့ အဲလိုပြောပါတယ်။ အဲဒါကြောင့် နည်းနည်းသက်သာသွားတာပါ့။ “အခုဟာက ပြည်သူ့စစ်လို့ ပြောရတာလည်း တကယ်အားနာပါတယ်။ ပြည်သူ့စစ်က များသောအားဖြင့်အကောင်းတွေပါ။ ကျနော်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အဲဒီလာလုပ်သွားတဲ့သူတွေက ပြည်သူ့စစ်အရေခြုံထားတဲ့ ဇခုန်ယိန်းဆောင်ရဲ့ လက်ကိုင်တုတ်လို့ သိရပါတယ်။ သူတို့က ကား ၃ စီးနဲ့ သက်သက်လာပြီးမှ နှောင့်ယှက်ဖျက်ဆီးသွားတာဖြစ်ပါတယ်။ ကျနော်တို့ ၀င်လာပြီဆိုတဲ့ သတင်းရတာနဲ့ အဲလို လာလုပ်သွားတာပါ့။” ဒါဆို သူတို့က ဦးဇခုန်တိန့်ယိန်းရဲ့ လက်အောက်ခံလို့ ပြောလို့ရတာပေါ့။ “ဟုတ်ပါတယ်။ သူ့သားလေ။ ယိန်းဆောင်ဆိုတာ လက်ရှိလည်း သူက ကချင်ပြည်နယ် လွှတ်တော်မှာ သူက ကိုယ်စားလှယ်တယောက်ဖြစ်တဲ့အပြင် နောက်ထပ်လည်း ပြန်အရွေးခံမယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကျနော်နဲ့ဆို ပြိုင်ဘက်ပေါ့ဗျာ။” ကန်းဖန်းရွာမှာက လူဦးရေနဲ့ အိမ်ခြေ ဘယ်လောက်ရှိလဲ။ “တော်တော်များပါတယ်။ လီဆူတွေများပါတယ်။ မြို့ကလေးတမြို့လို့တောင် ပြောလို့ရပါတယ်။ လောင်းကစားရုံတွေနဲ့ဘာတွေနဲ့ တော်တော်လေးတော့စုံပါတယ်။ ဒါပေမယ့် တိုင်းရင်းသားဆိုလို့ တခြားလူမျိုးမရှိပါဘူး လီဆူပဲရှိပါတယ်။ ကျန်တာကတော့ နယ်စပ်ဖြစ်တဲ့အတွက် တဖက်နိုင်ငံကလာပြီး စီးပွားရှာတဲ့ တရုတ်လူမျိုးတွေနဲ့ တော်တော်လေး စည်ကားတဲ့ နယ်စပ်တခုဖြစ်ပါတယ်။ ဒါပေမယ့် သူက အုပ်ချုပ်မှုအရတော့ ရွာပါပဲ။” တခြားကော အန်ကယ်ဘာပြောချင်တာရှိဦးမလဲ။ “ဘာပြောချင်လဲဆိုတော့ ကျနော်တို့က ဒီဇခုတိန့်ယိန်းသားအဖကိုသာ ဥပဒေအရသာ ဖမ်းဆီးတာတို့၊ ချုပ်နှောင်တာတို့ မလုပ်ဘဲနဲ့ ရွေးကောက်ပွဲလုပ်လို့ကတော့ ဘာမှ အရသာလည်း ရှိမှာမဟုတ်ဘူးလို့ ကျနော်က အဲလိုခံစားရတဲ့အကြောင်းပြောချင်ပါတယ်။ ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024