Saturday, June 3, 2023
HomeLead Storyအမြင့်ပေ ၃၀၀၀၀ လေယာဉ်ပေါ်တွင် ကလေးမီးဖွား (ရုပ်သံ)

အမြင့်ပေ ၃၀၀၀၀ လေယာဉ်ပေါ်တွင် ကလေးမီးဖွား (ရုပ်သံ)


အင်ဒိုနီးရှားနိုင်ငံ ဘာလီကနေ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်ကို ထွက်ခွာလာတဲ့ တရုတ်လေကြောင်းလိုင်းပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တဦးက အမျိုးသမီး ကလေးငယ် တဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ ပါတယ်။

ထိုင်ဝမ်ခရီးသည်တဦးက ကလေးကို ၂ လကြာစောမွေးခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ ပါလာတဲ့ ဆရာဝန်တဦးက လေယာဉ် မြေပြင်ပေါ်ကို မဆင်းသက်မီ မိနစ် ၃၀ စော မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းက လေယာဉ်မောင်မယ်တွေက ခရီးသည်တွေထံကနေ ဆေးကုသမှုဆိုင်ရာ အကူအညီပေးဖို့ တောင်းဆိုတဲ့အတွက် လိုက်ပါ စီးနင်းလာတဲ့ ဆရာဝန်က မွေးဖွားပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တဦးက ရိုက်ကူးခဲ့ပါတယ်။ ခရီးသည်တဦးက ဒါက တသက်မှာ တခါကြုံရတဲ့ ဖြစ်ရပ်ဖြစ်သလို ဒီခရီးသည်တွေက ဒီလိုဖြစ်ရပ်ကို နောင်ဘယ်တော့မှ ပြန်ကြုံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီနောက်မှာတော့ ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေးအတွက် လေယာဉ်ကို အမေရိကန်က အလစကားမှာ အရေးပေါ်ဆင်းသက်ခဲ့ပါတယ်။ ကလေးနဲ့မိခင်ကို ဆေးရုံခေါ်သွားပြီး ၂ ဦးစလုံးရဲ့ ကျန်းမာရေး တည်ငြိမ်နေတယ်လို့ သတင်းကရေးပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular