A d v e r t i s e m e n t With Us

အငှားယာဉ်မောင်း ၆ ဦးထံမှ လုယက်မှုကျူးလွန်သည့် ထိုင်းကျောင်းသား အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ၀မ်သောင်လန်ခရိုင်မှာ တက္ကသိုလ်ပထမနှစ်ကျောင်း သားတဦးကို အငှားယာဉ်မောင်း ၆ ဦးထံမှ လုယက်မှုအတွက် ရဲတွေက ဖမ်းဆီးလိုက် တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၁၈ နှစ်အရွယ် အဲဒီကျောင်းသားကို ဆွိုင်လက်ဖာအိုအရပ်မှာ ၆ စီး မြောက်အငှားယာဉ်ကို သေနတ်နဲ့ထောက်ပြီး လုယက်ဖို့ ကြိုးစားနေချိန် မနက် ၂ နာရီမှာ ရဲတွေက လက်ရဖမ်းဆီးခဲ့တယ်လို့ ၀မ်သောင်လန်ခရိုင် မှုခင်းစုံစမ်းရေးဆိုင်ရာ ဒုတိယ ရဲမှူးကြီး သာ့ချက်ဖတ်ဆ၀မ်ခေါ့ချပေါင်က ပြောပါတယ်။ သူ့ဆီက သေနတ်ပုံစံမီးခြစ်တခုနဲ့ ဘတ်ငွေ ၂၃၅၀ ကို ရဲတွေက သိမ်းဆည်းရ မိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူဟာ စိတ်ပညာပထမနှစ်ကျောင်းသားတဦးဖြစ်ပြီး သူငယ်ချင်းဆီမှာ ပိုက်ဆံ အိတ်ကျန်ခဲ့ပြီး အဲဒီသူငယ်ချင်းကလည်း အိမ်ပြန်သွားတဲ့အတွက် ကျောင်းစာမေးပွဲ မှတ်ပုံတင်ဖို့နဲ့ အိမ်ပြန်ဖို့ လမ်းစရိတ်မရှိတော့တဲ့အတွက် ခုလိုလုပ်ခဲ့ရတာလို့ ရဲတွေကို ပြောပါတယ်။ လက်ရှိမှာတော့ သူ့ကို ပြစ်မှုကျူးလွန်တဲ့အတွက် ရဲတွေက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သတင်းကဆိုပါတယ်။ ဆော်ဝေါ်ပေါ် ၉၁ ရေဒီယိုအစီအစဉ်က ဆွိုင်လက်ဖာအိုအရပ်မှာ အငှားယာဉ် မောင်းတွေ လုယက်မှုတွေ ရင်ဆိုင်နေရတယ်လို့ အဲဒီရဲစခန်းကို အကြောင်းကြားခဲ့တဲ့ အတွက် ခုလိုဖမ်းမိခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up