ချီလီတွင် မာပူချေ တိုင်းရင်းသားများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

1K
ချီလီနိုင်ငံမှာ မာပူချေ တိုင်းရင်းသားတွေက အောက်တိုဘာ ၁၂ ရက်နေ့က ဆန္ဒပြသမားတွေနဲ့ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ သမိုင်းဝင်မြေတွေ ပြန်ရရေးနဲ့ နိုင်ငံရေး အကြောင်းပြချက်နဲ့ ဖမ်းထားတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး ဆန္ဒပြရာက ခုလို ဖြစ်တာပါ။
ဆန္ဒပြသူတချို့က မျက်နှာတွေကို ဖုံးကွယ်ထားပြီး ရရာပစ္စည်းတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့လို့ ရဲတွေကလည်း လူစုခွဲဖို့ မီးသတ်ပိုက်တွေနဲ့ မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးခဲ့ကြပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့ဟာ စပိန် ကိုလိုနီ လက်အောက်မှာ ချီလီနိုင်ငံထဲက တိုင်းရင်းသားတွေ မျိုးဖြုတ်ခံရတဲ့ ၅၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ထဲမှာ သူတို့ ဒေသတွင်းကနေ စစ်တပ် ဖြုတ်သိမ်းရေးနဲ့ ထောင်ချခံ သူတို့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေးတို့ ပါဝင်ပါတယ်။
မာပူချေ လူ့အဖွဲ့အစည်း ဝင်တွေကတော့ သူတို့ခေါင်းဆောင်တွေကို ဖမ်းတာဟာ သူတို့မြေတွေကို ပြန်ရရေး တောင်းဆိုချက်တွေ အသံတိတ်သွားအောင် အစိုးရက လုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့ ချီတက်ပွဲကို ကျောင်းသားအုပ်စု၊ လိင်တူချင်းနှစ်သက်သူများအုပ်စုနဲ့ အလုပ်သမားသမဂ္ဂတွေ အပါအဝင် တခြား အုပ်စုတွေလည်း ပူးပေါင်း ခဲ့ပါတယ်။