A d v e r t i s e m e n t With Us

ရေပူဆရာတော် လွတ်မြောက်ရေး တောင်းဆို

မိုးကုတ်မြို့က ရေပူဆရာတော်ကို ပြင်ဦးလွင် ခရိုင်တရားရုံးမှာ ဒီကနေ့ အကြိမ် ၂၀ မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်တဲ့အနေနဲ့ Failed Law စတန်းပါ လှုပ်ရှားမှုကို ရေပူ ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေ၊ ၈၈ မျိုးဆက်တွေနဲ့ ရွှေဝါရောင် သံဃာတော်တွေ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ Failed Law လှုပ်ရှားမှုတွေကို ဒီမတိုင်ခင်က သာယာဝတီ၊ မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ အဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ရုံးထုတ်ချိန်တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။ မိုးကုတ်မြို့က ရေပူ ဆရာတော်ကို သစ်တော ဥပဒေ ပုဒ်မ ၄၂ (ခ)၊ ကျောက်မျက် ဥပဒေ ပုဒ်မ ၄၁ (က) (ခ)၊ သာသနာ ညှိုနွမ်းစေမှု ၂၉၅ (က) တို့နဲ့ ဇွန်လကတည်းက  ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ -Aung Aung Naing  

A d v e r t i s e m e n t With Us

More News
Up