A d v e r t i s e m e n t With Us

တိုက်ပေါ်မှ ပြုတ်ကျ ကလေးငယ်ကို ကယ်တင်ခဲ့သည့် တရုတ်ပင့်ကူမယ်

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၊ ဟူဇောင်မြို့မှာ ငါးထပ်တိုက်ပေါ်ကပြုတ်ကျပြီး လေထဲမှာ တွဲလောင်းဖြစ်နေတဲ့ ကလေးငယ်ကို ကယ်တင်ဖို့ ဘာကိရိယာမှမပါပဲ တက် ခဲ့တဲ့ အမျိုးသမီးဟာ ပင့်ကူမယ်အဖြစ်အမည်တွင်သွားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့၊ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ၃ နှစ်အရွယ် ကလေးငယ်ဟာ ပြတင်းပေါက်ပေါ်ကခြေချော်ပြုတ်ကျခဲ့တာဖြစ်ပြီး အခန်းအပြင်ဘက် ခြံစည်းရိုးနဲ့ငြိကာ လေထဲမှာတွဲလောင်းဖြစ်နေခဲ့တာပါ။ အဲဒါကိုမြင်ရတဲ့ ချန်ရှောင်လီ အမည်ရတဲ့အမျိုးသမီးက မြင်ခဲ့ပြီးကယ်တင်ဖို့ဆုံး ဖြတ်ကာ အဲဒီငါးထပ်တိုက်အမြင့်ပေါ်ကို ဘာအကူကိရိယာမှမပါပဲ တက်ခဲ့တယ်လို့ သတင်းကဆိုပါတယ်။ ကလေးငယ်ကို ကယ်တင်နိုင်ဖို့ သူဟာ အချိန်မိနစ် ၅၀ လောက်ကြာခဲ့ပြီး ကံ ကောင်းထောက်မစွာပဲ အိမ်နီးချင်းတွေနဲ့ အချိန်မီရောက်လာတဲ့ ရဲတွေက သူ့ကိုကူ ညီခဲ့ကြပါတယ်။ အဲဒီကူညီမှုအတွက် ကလေးငယ်ရဲ့မိသားစုတွေက သူ့ကို ပိုက်ဆံတွေပေးခဲ့ ပေမယ့် သူကငြင်းပယ်ခဲ့ပါတယ်။ ဒါဟာ ချန်ရှောင်လီအနေနဲ့ တခြားသူတဦးကို ပထမဆုံးကူညီဖူးတာမဟုတ်ပဲ မြေ အောက်ရေဆိုးပြွန်အောက်မှာ ပိတ်မိနေခဲ့သူ အမျိုးသမီးတဦးကိုလည်း ကယ်တင်ခဲ့ဖူး တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - CCTVNews  

A d v e r t i s e m e n t With Us

More News
Up