၈ နှစ်အရွယ် ကလေးကို အဒေါ်ဖြစ်သူက တရားစွဲမှု ပယ်ချခံရ





ဂျနီဖာကော်နယ်လ်
854
အမေရိကန်မှာ တူဖြစ်သူက အဒေါ်ကို ဖက်နမ်းရာကနေ နောက်ပြန်လဲကျသွားလို့ အဒေါ်ဖြစ်သူက တရားစွဲဆိုခဲ့မှုကို တရားရုံးက ပယ်ချလိုက်ပါတယ်။
၈ နှစ်မြောက်မွေးနေ့မှာ တူ ရှောင်တာရာလာက ပွေ့ဖက်ခဲ့တဲ့အတွက် နောက်ပြန်လဲကျပြီး ခါနာသွားလို့ အသက် ၅၄ နှစ် ဂျနီဖာကော်နယ်က ၄ နှစ်အကြာမှာ တရားစွဲဆိုလိုက်တာ ဖြစ်ပြီး တရားရုံးက အောက်တိုဘာ ၁၃ ရက်က အမိန့်ချမှတ်လိုက်တာပါ။
နယူးယောက်မြို့ခံ ဂျနီဖာကော်နယ်လ်က အသက် ၁၂ နှစ်အရွယ် တူဖြစ်သူဆီကနေ ဒေါ်လာ ၁ သိန်း ၂ သောင်းကျော် အလျော်ပေးဖို့ တရားစွဲဆိုခဲ့တာ ဖြစ်ပေမယ့် တရားရုံးက ဒီအမှုကို ပယ်ချခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ငယ်ရွယ်သေးတဲ့ တူဖြစ်သူကို မနာကျင်စေလိုတာကြောင့် တိုင်တန်းမှု မပြုလုပ်ခဲ့တာလို့ သူက ပြောပါတယ်။
တရားရုံးမှာတော့ တာရာလာက ဖခင်ဘေးမှာ ထိုင်နေပြီး သူ့ပုံစံက စိတ်ရှုပ်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ -ctpost