Sunday, June 11, 2023
HomeLead Storyဆီးရီးယားရှိ သူပုန်သိမ်းနယ်မြေများကို လေကြောင်းပစ်ကူများဖြင့် ပြန်သိမ်း (ရုပ်သံ)

ဆီးရီးယားရှိ သူပုန်သိမ်းနယ်မြေများကို လေကြောင်းပစ်ကူများဖြင့် ပြန်သိမ်း (ရုပ်သံ)


ဆီးရီးယားနိုင်ငံ ဟာမာပြည်နယ်မြောက်ပိုင်းက သူပုန်သိမ်းပိုက်နယ်မြေတွေကို ရုရှားလေကြောင်းပစ်ကူပေးမှုတွေနဲ့ ပြန်လည်သိမ်းပိုက်ရရှိနေတယ်လို့ ဆီးရီးယားစစ်တပ်က အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရုရှားလေတပ်က လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး အကြိမ် ၃၀ လုပ်ခဲ့ပြီး ဆီးရီးယားစစ်တပ်နဲ့ ဟစ်ဘိုလာတပ်ဖွဲ့တွေက သူပုန်နယ်မြေတွေကို သိမ်းယူတယ်လို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။

ဆီးရီးယားဗိုလ်ချုပ်တဦးက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ဟာမာပြည်နယ် မြောက်ပိုင်းက နယ်မြေတွေ ပြန်လည်သိမ်းပိုက်ရရှိနေကြောင်း၊ သူပုန်အများအပြားသေဆုံးပြီး သူတို့ရဲ့ တိုက်ခိုက်ရေးယာဉ် အများအပြားကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။

သူပုန်ထိန်းချုပ်နယ်မြေတွေကို အကြီးအကျယ် ပြန်လည်ထိုးစစ်ဆင်မယ်လို့ ဆီးရီးယားစစ်တပ်က ပြီးခဲ့တဲ့ရက်တွေက ကြေညာခဲ့တာပါ။

အခုနှစ်ဆန်းပိုင်းက ဆီးရီးယား အစိုးရထိန်းချုပ်နယ်မြေအမြောက်အမြား သူပုန်တွေ လက်အောက် ကျရောက်ခဲ့ပြီး
ရုရှားတိုက်လေယာဉ်တွေရဲ့ လေကြောင်း ပစ်ကူပေးမှုတွေနဲ့ အခုလို ပထမဆုံး ဆုံးရှုံးနယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်တာလည်းဖြစ်ပါတယ်။

ဆီးရီးယားသူပုန်တွေနဲ့ အိုင်အက်စ်အကြမ်းဖက်တွေအပေါ် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လေကြောင်းစစ်ဆင်ရေးတွေ အလုပ်မဖြစ်ဘူးဆိုပြီး စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး ရုရှားနိုင်ငံက လေကြောင်းထိုးစစ်တွေ စတင်ခဲ့တာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular