ချစ်သူကို အဲမရိတ်ကွင်းခေါ် လက်ထပ်ခွင့်တောင်းသည့် အာဆင်နယ် ပရိသတ် (ရုပ်သံ)

1.7K
အခုနောက်ပိုင်း စုံတွဲတွေက ချစ်သူကို စိတ်လှုပ်ရှားစေမယ့် နည်းလမ်းအမျိုးမျိုးသုံးပြီး လက်ထပ်ခွင့် တောင်းခံလာပါတယ်။
လူတစုရဲ့ အကူအညီကို ရယူပြီးတော့ စိတ်လှုပ်ရှားဖွယ်ရာ လက်ထပ်ခွင့်တောင်းခံတဲ့ ဖြစ်ရပ်တွေကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေလည်း လူမှုရေးကွန်ရက် အသုံးပြုတဲ့သူတွေ တွေ့ဖူးသား ဖြစ်မှာ ဖြစ်ပါတယ်။
ဒီရုပ်သံမှာတော့ အာဆင်နယ်အသင်း ပရိသတ် အက်မန်ဆန်က အာဆင်နယ်အသင်းရဲ့ အကူအညီနဲ့ ရည်းစား ဟာဘီဖန်းကို အဲမရိတ်ကွင်းထဲ ခေါ်သွားပြီး လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ဘောလုံးကွင်းထဲကို သွားရောက်လည်ပတ်အပြီးမှာ အက်မန်က ဖန်းကို လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။
ဒီလိုလက်ထပ်ခွင့်တောင်းတာကို အာဆင်နယ်အသင်းက ဘောလုံးသမား ကီယန်ဂစ်နဲ့ အတူ အာဆင်နယ်ရဲ့ လဒ်ကောင် အရုပ်ကလေး ဂမ်နာ ဆောရုတို့က ကူညီခဲ့ပါတယ်။
ဖန်းကလည်း အက်မန်ရဲ့ လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။ ဒီအချိန်ဟာ စိတ်လှုပ်ရှား ရင်ခုန်စရာကောင်းတဲ့ အချိန်လို့ သူတို့ ၂ ဦးလုံးက ပြောပါတယ်။
ဒီလိုလုပ်မယ်ဆိုတာကို မသိသလို ဘောလုံးကွင်းကို အလည်သက်သက်ပဲ မှတ်ထင်ထားတယ် လို့ ဟာဘီဖန်းက ပြောပါတယ်။
ဒီရုပ်သံဖိုင်ကို အာဆင်နယ် အသင်းရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ထားခဲ့ပြီး ကြည်ရှုသူ ၇ သိန်းကျော်ရှိသွားပြီ ဖြစ်ပါတယ်။