A d v e r t i s e m e n t With Us

ဓားစာခံ ဖမ်းဆီးထားမှု ဗွီဒီယို ပြန်စိစစ်ရမည်ဟု ဖိလစ်ပိုင်ပြော (ရုပ်သံ)

ကနေဒါ၊ ဖိလစ်ပိုင်နဲ့ နော်ဝေနိုင်ငံသား ဓားစာခံတွေက ဖိလစ်ပိုင်နိုင်ငံတွင်း စစ်ဆင်ရေးတွေ ရပ်တန့်ဖို့နဲ့ သူတို့ လွတ်မြောက်ရေးအတွက် ကနေဒါအစိုးရက ပြန်ပေးဆွဲ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ညှိနှိုင်းပေးဖို့ အသနားခံလိုက်ပါတယ်။ အယ်လ်ကိုင်းဒါးနဲ့ ချိတ်ဆက်ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေလို့ ယုံကြည်ရတဲ့ သေနတ်သမား ၁၁ ယောက်က သူတို့ ၄ ယောက်ကို ဖိလစ်ပိုင်နိုင်ငံ စာမားကျွန်းကနေ စက်တင်ဘာ ၂၁ ရက်နေ့က ပြန်ပေးဆွဲခဲ့တာပါ။ သူ့ကိုယ်သူ ဂျွန်ရစ်ဒယ်လို့ မိတ်ဆက်တဲ့လူက ညှိနှိုင်းမှုတွေ စနိုင်ဖို့ ကျေးဇူးပြုပြီး စစ်ဆင်ရေးတွေ ရပ်ပါလို့ ပြောပါတယ်။ စစ်ဆင်ရေးတွေကိုတော့ လွတ်လွတ်လပ်လပ် ခွဲခြား စိစစ်နိုင်မှု မရှိသေးပါဘူး။ ယူကျု့အင်တာနက်စာမျက်နှာပေါ် တင်လာတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ငြင်းပါတယ်။ ဒီရုပ်သံက အစစ်အတု ခွဲခြား စိစစ်ရလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရုပ်သံထဲမှာ ပြထားတဲ့ ၄ ယောက်လုံးကတော့ စက်တင်ဘာလက ပြန်ပေးဆွဲခံရတဲ့ သူတွေလို့ ဖိလစ်ပိုင်စစ်တပ်က ဖော်ထုတ်ပါတယ်။ စစ်သွေးကြွ ခေါင်းဆောင်က အင်္ဂလိပ်စကားကို သွက်သွက်လက်လက် ပြောနိုင်ပြီး အမြောက်ပစ် တိုက်ခိုက်မှုတွေ ရပ်ဖို့နဲ့ ဓားစာခံတွေ ပြန်လွတ်ရေး ညှိနှိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းက စစ်သွေးကြွ ခေါင်းဆောင်တွေက အင်္ဂလိပ်စကားကို ကောင်းကောင်း ပြောတာဟာ ဖြစ်နေကျ မဟုတ်ပါဘူး။ ဒီရုပ်သံကို အရှေ့အလယ်ပိုင်းက အင်တာနက် စာမျက်နှာ တချို့မှာလဲ တင်ပြထားပါတယ်။ ဓားစာခံတွေကို ဂျိုလိုကျွန်းအနောက်ဘက် မိုင်ရာချီ ဝေးတဲ့ အဘူဆေးယတ် စစ်သွေးကြွအုပ်စု ရဲ့ ခြေကုပ်စခန်းဆီ ခေါ်သွားတယ်လို့ ထင်ကြေးပေးနေတာလဲ ရှိပါတယ်။ ဒီအုပ်စုဟာ ဖိလစ်ပိုင်တောင်ပိုင်းမှာ ဗုံးတိုက်ခိုက်မှု ပြန်ပေးဆွဲမှုနဲ့ ခေါင်းဖြတ်မှုတွေအတွက် လူသိများပါတယ်။ ဖိလစ်ပိုင်မှာ ပြန်ပေးဆွဲမှုက ဖြစ်နေကျပါ။ အရင် သီတင်းပတ်ကလဲ အီတလီ သာသနာပြု တယောက် ပြန်ပေးဆွဲ ခံရပါတယ်။ လွန်ခဲ့တဲ့ ၆ လက ပြန်ပေးဆွဲခံရတဲ့ ဒေသခံ အရာရှိတယောက်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up