A d v e r t i s e m e n t With Us

ပါကစ္စတန်တွင် တောင်ကမ်းပါးရံပြိုကျ၊ လူ ၁၃ ဦးသေဆုံး (ရုပ်သံ)

ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့မှာ အောက်တိုဘာလ ၁၃ ရက်နေ့က တောင်ကမ်းပါးရံပြိုကျပြီး အနည်းဆုံး လူ ၁၃ ဦးသေဆုံးသွားတယ်လို့ ကယ်ဆယ်ရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်စောစော ဒေသခံတွေ အိပ်ပျော်နေချိန်မှာ ပြိုကျခဲ့တာ ဖြစ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းရောက်မလာခဲ့ဘူးလို့ ညီမဖြစ်သူနဲ့ ဆွေမျိုး ၄ ယောက် သေဆုံးခဲ့တဲ့ အမျိုးသမီးကပြောဆိုပါတယ်။ တနာရီခွဲလောက်ကြာမှာ သတင်းထောက်တွေနဲ့ လူတွေရောက်လာပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်ခဲ့ပေမယ့် သေဆုံးကုန်ပြီလို့ပြောပြခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ နဲ့ ခလေးငယ်တွေပါဝင်ပြီး ပန်ချပ်ပြည်နယ်က လာရောက်နေထိုင်သူတွေ ဖြစ်လို့ ပြန်ပို့ပေး မယ်လို့ ကူညီကယ်ဆယ်ရေးအရာရှိတဦးက ပြောဆိုပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်က မြေပြိုမှုအတွင်း သေဆုံးခဲ့သူတွေအတွက် ကျန်ရစ်သူမိသားစုဝင်နဲ့ ထပ်တူ ၀မ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြေပြိုကျရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up