A d v e r t i s e m e n t With Us

မော်ချီးဒေသ မိုးကြီး မြေပြိုမှုကြောင့် သေဆုံး ၂၈ ဦးအထိ တိုးလာ

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ မိုးသည်း မြေပြိုမှုအတွင်း နောက်ထပ် အလောင်း ၁၀ လောင်းကို ပြန်တွေ့တာကြောင့် မနေ့ ညနေပိုင်း အထိ သေဆုံးသူ ၂၈ ဦး အထိတိုးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ မြေပြိုမှုဖြစ်ပွားရာဒေသဟာ ခဲမဖြူတူးဖော်ရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေတဲ့ ဒေသ ဖြစ်ပြီး ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ထုတ်လုပ်နေကြတာပါ။ မြေပြိုဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်းတွေကို တောင်ပေါ်ရွာက ခဲသတ္တုစီမံရေးရုံးမှာ တခု၊ တောင်အောက် လိုခါးလိုဆေးရုံဝင်းထဲမှာ တခုနဲ့ မော်ချီးအတက်တန်းကျောင်းမှာတခု ဖွင့်လှစ်ထားပါတယ်။ သတင်းဓာတ်ပုံ - ပြည်ဟိန်းကျော်

A d v e r t i s e m e n t With Us

More News
Up