အမေရိကန်တွင် တိုက်ခန်းတွဲတခု မီးလောင်၊ မီးသတ်သမား ၂ ဦးသေဆုံး (ရုပ်သံ)

3.7K
အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ် ကင်းဆပ်မြို့က တိုက်ခန်းတွဲတခု အောက်တိုဘာ ၁၂ ရက်နေ့က မီးလောင်ခဲ့လို့ မီးသတ်သမား အနည်းဆုံး ၂ ဦး သေဆုံးပြီး တခြား မီးသတ်သမား ၂ ဦး ဒဏ်ရာရတယ်လို့ အန်ဘီစီရုပ်သံက အစီရင်ခံပါတယ်။
လွတ်လပ်ရေး ရိပ်သာထဲမှာ ည ၇ နာရီခွဲက မီးစတင်လောင်ကျွမ်းခဲ့လို့ မီးသတ်သမားတွေက အဆောက်အဦထဲက လူတွေကို ဘေးကင်းရာရွှေ့ဖို့ အမိန့်ထုတ်ခဲ့ရတာပါ။
မီးလောင်မှုကြောင့် အဆောက်အဦ အမိုးပြိုကျခဲ့လို့ အထဲမှာ မီးသတ်သမား အနည်းဆုံး ၄ ဦး ပိတ်မိနေခဲ့တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။
မီးငြှိမ်းသတ်နေတုန်း အမိုးအစိတ်အပိုင်းက မီးသတ်သမားတွေပေါ် ပြိုကျခဲ့လို့ ကင်းဆပ်မြို့ မီးသတ်သမား ၂ ဦး သေဆုံးခဲ့တာလို့ အန်ဘီစီရုပ်သံက ကြေညာခဲ့ပါတယ်။