ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးက ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို အောက်တိုဘာ ၁၂ ရက်နေ့က  ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ စစ်တပ်ကို အသရေဖျက်မှု စွပ်စွဲချက်အတွက် တရားရုံးက ဆင့်ခေါ်ပေမယ့်  ပျက်ကွက်တဲ့အတွက် အခုလို ဖမ်းဝရမ်း ထုတ်လိုက်တာပါ။ သက်ဆင်ဟာ တောင်ကိုရီးယားမှာ မေ ၁၉ ကနေ ၂၂ ရက်အတွင်း ဆင်ဟွာသတင်းဌာနနဲ့ အင်တာဗျူးမှာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စကားတွေ ပြောခဲ့တယ်ဆိုပြီး စစ်တပ်က စွပ်စွဲတဲ့အမှု ဖြစ်ပါတယ်။ အမှုကို တရားရုံးက လက်ခံပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ တရားလိုဘက်ကရော၊ တရားခံဘက်ကပါ သက်သေတွေကို တင်ပြဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် သက်ဆင်ရဲ့ရှေ့နေက သူ့အမှုသည်ဟာ ပြည်ပနိုင်ငံမှာ ရောက်နေတာကြောင့် ရုံးတော်ကိုလာဖို့ မဖြစ်နိုင်ဘူးလို့ လျှောက်လဲချက် ပေးခဲ့ပြီးနောက် ရုံးတော်က ဖမ်းဝရမ်း ထုတ်လိုက်တာပါ။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းတဲ့ အချိန်ကစလို့ ပြည်ပမှာ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up