A d v e r t i s e m e n t With Us

ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံး မှန်ခင်းတံတား တည်ဆောက်ရေးစီမံကိန်း တရုတ်တွင် စတင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ ကမ္ဘာ့အမြင့်ဆုံးနဲ့ အရှည်ဆုံး မှန်ခင်းတံတား ဖြစ်လာမယ့် တည်ဆောက်ရေး စီမံကိန်းကို စတင်နေပါပြီ၊၊ မှန်တံတားဟာ ဟူနန် ပြည်နယ်ထဲမှာ တည်ဆောက်နေပြီး နာမည်ကျော် ဒါရိုက်တာ ဂျိမ်း ကင်မရွန်း(James Cameron) ရိုက်ကူးခဲ့တဲ့ "Avatar" ရုပ်ရှင်ထဲက တံတား ပုံစံမျိုး တည်ဆောက်မယ်လို့ ဆိုပါတယ်၊ ကုန်ကျစရိတ်အနေနဲ့ အမေရိကန် ဒေါ်လာ ၃၉ သန်း ခန့်မှန်းထားပါတယ်။ မြေပြင်အထက် ၉၈၄ ပေမှာ ရှိမှာ ဖြစ်ပြီး အရှည်အားဖြင့် ၁၁၄၁ ပေ ရှိမယ်လို့ အင်ဂျင်နီယာတွေက ပြောပါတယ်။ တံတားအကျယ်က ၆ မီတာ၊ အခင်း မှန်ပြားက ၂ လက်မနီးပါး ရှိမယ်လို့ ဆိုပါတယ်။ တံတားကို ဒီနှစ်အကုန်မှာအပြီး ဆောက်ဖို့ ရည်ရွယ်ထားပြီး ၂၀၁၆ ဇန်န၀ါရီမှာ ဖွင့်လှစ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up