လူဇင်ဘတ်ကို နိုင်ပြီး ပထမဆုံး ယူရိုခြေစစ်ပွဲအောင်သည့် ဆလိုဗက်ကီးယား (ရုပ်သံ)
DVB
·
October 13, 2015
ယူရို ၂၀၀၆ အုပ်စု (ဂ) ခြေစစ်ပွဲအဖြစ် လူဇင်ဘတ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ကစားခဲ့ပြီးတော့ ဆလိုဗက်ကီးယားအသင်းက ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲကို ၀င်ကစားခွင့် ရရှိသွား ပါတယ်။
အုပ်စု ဂ မှာ ဦးဆောင်နေတဲ့ စပိန်အသင်းက တတိယနေရာက ယူကရိန်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာကလည်း ဆလိုဗက်ကီးယားအတွက် ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး ပိုမိုရရှိသွားတာ ဖြစ်ပါတယ်။
မာရတ် ဟန်စစ်၊ အဒမ်နီမက်နဲ့ ရောဘတ် မတ်တို့က ပထမပိုင်း မိနစ် ၃၀မှာ ၃ ဂိုး သွင်းယူခဲ့ပါတယ်။
လူဇင်ဘတ်က ဒုတိယပိုင်းမှာ ခြေပဂိုး ၂ ဂိုးပြန်သွင်းယူခဲ့ပေမယ့် မာရတ်ဟန်စစ်က နောက်ထပ် ၁ ဂိုး သွင်းယူပြီး ၄ ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။
ဒီအတွက် ဆလိုဗက်ကီးယားဟာ ၁၀ ပွဲကစား ၂၂ မှတ်နဲ့ အုပ်စု ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်မြင်သွားပါတယ်။
ဆလိုဗက်ကီးယား နည်းပြကတော့ ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်မယ်လို့ ယုံကြည်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။
အုပ်စု ပထမနေရာမှာတော့ စပိန်က ၁၀ ပွဲကစား ၂၇ မှတ်နဲ့ ခြေစစ်ပွဲအောင်မြင်သွားပါတယ်။