အင်္ဂလန်-လစ်သူယေးနီးယားပွဲ ပရိသတ် အဓိကရုဏ်းဖြစ် (ရုပ်သံ)

2.2K
ယူရို ၂၀၁၆ အင်္ဂလန်- လစ်သူယေးနီးယားပွဲစဉ်မှာ ၂ ဖက်ပရိသတ်တွေအကြား ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ရဲတပ်ဖွဲ့တွေက လူစုခွဲခဲ့ပါတယ်။
လစ်သူယေးနီးယားမြို့တော် ဗေးနီးယစ်မှာ ကစားတဲ့ ပွဲမစခင် ဂိုးအနောက်ဘက်က ပွဲကြည်စင်မှာ ၂ ဖက်ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုအထိ မဖြစ်ပွားခင် ဒေသခံရဲတပ်ဖွဲ့က ၀င်ရောက် ဖြန်ဖြေခဲ့ရတယ်လို့ ဆိုပါတယ်။
အိမ်ကွင်းပရိသတ်တွေအတွက် ရည်ရွယ်ထားတဲ့ ပွဲကြည့်စင်နေရာကို အင်္ဂလန် အသင်းပရိသတ်တွေက ၀ယ်ယူခဲ့တာကလည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားစေတဲ့ အကြောင်းရင်း တရပ် ဖြစ်ပါတယ်။
ပရိသတ်တွေက မီးကျည်နဲ့ ပြန်လည် ပစ်ပေါက်ခဲ့ကြတယ်လို့ သတင်းတွေက ရေးပေမယ့် အဓိကရုဏ်းကြောင့် ပရိသတ်တွေ ဘယ်နှစ်ဦးထိန်းသိမ်းခံရသလဲဆိုတာကိုတော့ မဖော်ပြပါဘူး။