A d v e r t i s e m e n t With Us

အင်္ဂလန်အသင်းက လစ်သူယေးနီးယားအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်မှာ အင်္ဂလန်က လစ်သူယေးနီးယားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီအနိုင်ကြောင့် အင်္ဂလန်က ခြေစစ်ပွဲ ၁၀ ပွဲကစား ၁၀ပွဲနိုင်နဲ့ ပြင်သစ်မှာ ကျင်းပမယ့် ယူရို ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးကို ရိုစ်ဘာကလေက ပထမပိုင်း ၂၉ မိနစ်မှာ သွားယူခဲ့ပါတယ်။ ဒီနောက် ၃၅ မိနစ်မှာ လစ်သူယေးနီးယားကစားသမားက ကိုယ့်ကိုယ်ဂိုးသွင်းမိတဲ့ အတွက် ၂ ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းမှာ ဦးဆောင်ထားနိုင်ပါတယ်။ ဒုတိယပိုင်းမှာ ၆၂ မိနစ်မှာတော့ ချိန်ဘာလိုင် သွင်းယူတဲ့ ဂိုးနဲ့ အင်္ဂလန်အသင်းက ၃ ဂိုး ဂိုးမရှိအနိုင်ရရှိသွားတာဖြစ်ပါတယ်။ ဒီအနိုင်ကြောင့် အင်္ဂလန်အသင်းဟာ ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့်အနိုင်နဲ့ ယူရို ခြေစစ်ပွဲအောင်သွားတဲ့ ၆ သင်းမြောက် အသင်းတသင်း ဖြစ်လာပါတယ်။ အသင်းမန်နေဂျာ ရိုင်ဟတ်ဆန်ကတော့ ကစားသမားတွေရဲ့ ကစားပုံကို ဂုဏ်ယူသလို ၁၀ ပွဲကစား ၁၀ပွဲနိုင် ရလဒ်က ကျေနပ်စရာကောင်းတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up