အင်ဒိုနီးရှားရဟတ်ယာဉ်တစီး ရေအိုင်တွင်းပျက်ကျ ပျောက်ဆုံးနေ

844
အင်ဒိုနီးရှားနိုင်ငံမှာ လူ ၅ ဦးပါဝင်တဲ့ ရဟတ်ယာဉ်တစီးဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပျံသန်းနေစဉ်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ စူမားတြားပြည်နယ်မြောက်ပိုင်းက ရေအိုင်တခုထဲကို ထိုးကျသွားနိုင်ဖွယ်ရှိတယ်လို့ ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အဆိုကို ကိုးကားပြီး အင်ဒိုနီးရှားအခြေစိုက် ဒီပီအေ အင်တာနေရှင်နယ်သတင်းမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှားဒေသတွင်း ရှာဖွေကယ်ဆယ်ရေး အေဂျင်စီရဲ့ အကြီးအကဲ ဂတ်စ်တီ ဆိုင်ဖော်က “မျက်မြင်တွေ့လိုက်သူတွေက သူတို့ရဟတ်ယာဉ်တစီးကို တိုဘာရေအိုင်အပေါ် ကောင်းကင်မှာ ခပ်နိမ့်နိမ့်ပျံနေတာကို တွေ့လိုက်ရပြီး ထိခိုက်ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ မီဒန်မြို့၊ ကွာလာနမ်မူ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီ ၄၅ မိနစ်ကြာ ခရီးစဉ်သွားနေတုန်းမှာ ခုလိုဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
တိုဘာရေအိုင်ဟာ မီးတောင်ပေါက်ကွဲမှုကြီးတခုကြောင့် ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အရှည် ၁၀၀ ကီလိုမီတာ ရှိပါတယ်။