Live
Home
မြန်မာသတင်း
အန်အလ်ဒီအမတ်လောင်းများ မဲဆွယ်စည်းရုံးရေး တရက်ကြိုတင်ရပ်နားရန်ညွန်ကြား
DVB
·
October 12, 2015
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့က စပြီး မဲဆွယ်လုပ်ငန်းတွေစတင် ရပ်နားဖို့ ပါတီက ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင်မဲဆွယ်စည်းရုံးရေးမှာ အသုံးပြုတဲ့ ဆိုင်းဘုတ်၊ ပိုစတာ ဗွီနိုင်းနဲ့  အဖွဲ့ချုပ်ရဲ့ မဲဆွယ်တာနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကိုလည်း နိုဝင်ဘာလ ၆ ရက်နေ့မှာ အပြီးဖြုတ်သိမ်းကြဖို့ အောက်တိုဘာ ၁၂ ရက်နေ့စွဲနဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွန်ကြားထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ စက်တင်ဘာလ ၈ ရက်က စတင်ပြီး နိုဝင်ဘာလ ၆ ရက် ရွေးကောက်ပွဲရက် မတိုင်ခင် ၂ ရက်အလိုအထိ ရက်ပေါင်း ၆၀ ကြာ မဲဆွယ်စည်းရုံးဖို့ ကိုယ်စားလှယ်လောင်းတွေကို ခွင့်ပြုထားတာပါ။ မဲဆွယ်ကြော်ငြာ၊ပိုစတာတွေကို နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ နောက်ဆုံးထား မဖြုတ်သိမ်းပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ စည်ပင်က ဖြုတ်သိမ်းသွားမှာဖြစ်ပြီး ဒီအတွက် လုပ်ငန်း ဆောင်ရွက်ရတဲ့ ကုန်ကျစရိတ် ကျသင့်ငွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြန်လည်ပေးချေရမယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024