A d v e r t i s e m e n t With Us

ကိုယ်ခန္ဓာကိုထိန်းပြီး စတန့်စွမ်းရည်ပြနိုင်သူ ၂ နှစ်အရွယ် ကလေးငယ် (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံက ဇီရှီးအမည်ရတဲ့ ၂ နှစ်အရွယ် ကလေးငယ်ရဲ့ ရွှင်လန်းတဲ့ အမူအရာနဲ့ စတန့်စွမ်းရည်ပြ ဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်ပေါ်မှာ ရေပန်းစားနေပါတယ်။ သူဟာ ဖခင်ရဲ့လက်ပေါ်မှာ မတ်တပ်ရပ်ပြီး ကိုယ်ခန္ဓာကို စက္ကန့်ပေါင်းများစွာထိန်း ရပ်ပြနိုင်ပြီး လက်နှစ်ဖက်လုံးကို ဆန့်တန်းထားကာ စူပါမန်းလို သရုပ်ပြနိုင်တဲ့ သူ့ရဲ့ စတန့်စွမ်းရည်ကို ပြသထားပါတယ်။ အဲဒီဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုသူ ၂ သောင်း ၈ ထောင်ကျော်ရှိခဲ့ပြီး ၄၃၃ ဦးက ပြန်လည်မျှဝေခဲ့ကြပါတယ်။ သူ့ရဲ့မိဘတွေဖြစ်တဲ့ ရီနေယာဂါရှာနဲ့ အိန်ဂျယ်ဂွာရီယိုတို့ဟာ ကလေးအသက် ၁ နှစ် ပြည့်ချိန်မှာ ကိုယ်ခန္ဓာကို ဘယ်လိုထိန်းညှိရမယ်ဆိုတာကို စတင်သင်ပေးခဲ့တာဖြစ်ပြီး မိဘတွေ ညွှန်ကြားတဲ့အတိုင်း သင်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “ဒါဟာ သူလုပ်ချင်တဲ့အရာတခုလည်းဖြစ်ပြီး လေ့ကျင့်တဲ့ ဗွီဒီယိုတွေကြည့်ပြီး သူ့ကိုယ်သူ ယုံကြည်မှု မြှင့်တင်နိုင်ခဲ့တာ ဖြစ်မယ်လို့ ကျမထင်ပါတယ်” လို့ မိခင်ဖြစ်သူ အိန်ဂျယ်ဂွာရီယိုက ပြောပါတယ်။ မိဘတွေ ကိုယ်တိုင်ကလည်း အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားဘ၀မှာတည်းက ပရိသတ် အခိုင်အမာ ရရှိထားတဲ့ ရွှင်လန်းတက်ကြွတဲ့ စတန့်ပြသူတွေဖြစ်ခဲ့ပြီး အဲဒီ ပါဝင်လှုပ်ရှားမှု ဗွီဒီယိုတွေကို ဇီရှီးက ကြည့်ခွင့်ရခဲ့တာပါ။ “ကျမတို့သမီးကို လေ့ကျင့်သင်ကြားပေးတာက ကစားရင်း သင်ပေးတာမျိုးပါပဲ။ သူ့ကို သီချင်းနားထောင်စေတဲ့အခါ သူက နှစ်သက်တယ်၊ ပျော်ရွှင်တာကို တွေ့ရတယ်။ သူမကြိုက်ဘူးဆိုရင် ကျမတို့ ဆက်မသင်ပေးပါဘူး။ ခုလို စတန့်တွေလည်း သူ့အနေနဲ့ လုပ်နိုင်မှာ မဟုတ်ပါဘူး” လို့ အိန်ဂျယ်ဂွာရီယိုက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up