မိုးများသောကြောင့် ကသာခရိုင် ကျေးရွာတချို့ ရေတိုက်စားခံရ (ဓာတ်ပုံ)
DVB
·
October 12, 2015
ဒီရက်ပိုင်းအတွင်း မိုးများလာတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းနေ တဲ့ မဲဇာမြစ်ရေကြီးခဲ့ပြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ပိန္နဲကုန်းကျေးရွာ ရေတိုက်စား ခံခဲ့ရပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ညပိုင်းက စတင်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ဘုန်းကြီးကျောင်းအချို့ မြစ်ထဲမျောပါကာ အောက်တိုဘာ ၁၁ ရက်နေ့မှာ နေအိမ်အချို့ကို အရေးပေါ်ပြောင်းရွှေ့ လိုက်ရပါတယ်။
လက်ရှိမှာ ဒေသခံ မီးသတ်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီနဲ့ ပါတီလူငယ်အချို့ပူးပေါင်းပြီး သဲအိတ်ကတုတ်တွေနဲ့ မြစ်ရေတိုက်စားမှုကို ကာကွယ်နေပေမယ့် မြစ်ရေအရှိန်ပြင်းတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ဆက်ရှိနေပါတယ်။
ဓာတ်ပုံ - အာကာ