A d v e r t i s e m e n t With Us

ချိုင်းနားအိုးပန်း တင်းနစ်ဗိုလ်လုပွဲတွင် နိုဗက် ဂျိုကိုဗစ် ဗိုလ်စွဲ

ချန်ပီယံဆုရရှိသည့် ဂျိုကိုဗစ်(ယာ)နှင့် နာဒယ်။ (ဓာတ်ပုံ - ရိုက်တာ)
တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ချိုင်းနား အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ရာဖယ် နာဒယ်ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ကမ္ဘာ့နံပါတ် ၁ ဖြစ်တဲ့ ဂျိုကိုဗစ်က နံပါတ် ၈ ဖြစ်တဲ့ နာဒယ်ကို လက်ရည်အသာနဲ့ ပွဲကို ထိန်းချုပ်ပြီး ယှဉ်ပြိုင်သွားတာပါ။ ပထမပွဲကို ဂျိုကိုဗစ်က ၆ - ၂ နဲ့ အနိုင်ရသွားတာပါ။ ဒီပွဲမှာ ဆားဘီးယား နိုင်ငံသားရဲ့ စပေးဘော ရိုက်ချက်နဲ့ အကွက်ချ ရိုက်ချက်တွေကို နာဒယ် မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒုတိယပွဲမှာ ခြေထောက်ဒဏ်ရာကြောင့် နာဒယ်ဟာ ကုသမှု ခံယူခဲ့ရပါတယ်။ ဒုတိယပွဲကိုလည်း ဂျိုကိုဗစ်ကပဲ  ၆ - ၂ နဲ့ အနိုင်ယူပြီး ချိုင်းနားအိုးပန်း ချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူသွားပါတယ်။ ချိုင်းနားအိုးပန်း ချန်ပီယံဆုဟာ ဂျိုကိုဗစ်အတွက် ကစားသမား သက်တမ်းအတွင်းမှာ ၅၆ ခုမြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up