Live
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲပြင်းထန်
DVB
·
October 12, 2015
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ) တပ်စခန်းနဲ့ မြန်မာတပ်မတော်တို့ကြား ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကနေ ၉ ရက်အထိ တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မှာတော့ မြန်မာ့တပ်မတော်ဘက်က တိုက်ပွဲဖြစ်တဲ့ နေရာကနေ ဒဏ်ရာရသူများကို ကယ်ထုတ်ပြီး ထပ်မံအင်အားဖြည့်လာတယ်လို့ သိရပါတယ်။ ဒီနေ့ ၁၁ ရက် နေ့လည် ၁၂ ကျော်အချိန်မှာလည်း တာဆမ်ပူးအနီး လွယ်လာကန့်မှာ ထပ်မံတိုက်ပွဲ ဖြစ်ပွားနေပါတယ်။ နေလည် ၁ နာရီကျော် ကစပြီး ကျူမောက်ခေါဝ်တပ်စခန်းကနေ အက်စ်အက်စ်ပီပီ တပ်စခန်း ကောင်းမူးလွယ်ဘက်ကို ၁၂၀ မမ အပါအ၀င် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ အက်စ်အက်စ်ပီပီ တပ်စခန်းရဲ့ ပြန်ကြားရေးဌာနက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ မြန်မာ့တပ်မတော်တပ်စွဲရာ ကျူမောက်ခေါဝ်စခန်းဟာ ၀မ်ဟိုင်းဌာနချုပ်ရဲ့တောင်ဘက်မှာ ကျပြီး ၀မ်ဟိုင်း နဲ့ ၆ ကီလိုကျော်ကျော်လောက်သာဝေးတယ်လို့လည်း သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024