မော်ချီးဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ၁၀ ဦး သေဆုံး

ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီလောက်ကစပြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်တချို့လည်း မြေပြိုမှုမှာပါသွားပါတယ်။ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေပြီး ၈ ဦးပျောက်ဆုံးနေတယ်လို့ သိရှိရပါတယ်။ မြေပြိုမှုလည်း ဆက်လက်ဖြစ်ပေါ်နေပြီး မိုးများအဆက်မပြတ်ရွာသွန်းနေတာကြောင့် အစားအသောက်နဲ့ အဝတ်အစားတွေ အရေးတကြီးလိုအပ်နေတယ်ဟုလည်း ဒေသခံတဦးက ပြောပါတယ်။ မော်ချီးဒေသဟာ ခဲမဖြူနဲအဖြိက်နက်ထွက်ရှိတဲ့ သတ္တုတွင်းတွေ ရှိနေပါတယ်။ ဓာတ်ပုံ - ပြည်ဟိန်းကျော်၊ ရုပ်သံ - Saw Dohklo Htoo

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up