A d v e r t i s e m e n t With Us

မိုးများပြီး မဲဇာမြစ်ရေကြီးမှုကြောင့် ကသာခရိုင်တွင်းရှိ ကျေးရွာ ရေတိုက်စားခံရ (ဓာတ်ပုံ)

အခုရက်ပိုင်း မိုးများလာတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ မဲဇာမြစ်ရေကြီးခဲ့ပြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ပိန္နဲကုန်းကျေးရွာ  ရေတိုက်စားခံခဲ့ရပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ညပိုင်းက စတင်ဖြစ်ပွားခဲ့ပြီး လူနေအိမ်၊ ဘုန်းကြီးကျောင်းအချို့ မြစ်ထဲမျောပါကာ အောက်တိုဘာ ၁၁ ရက်နေ့မှာ နေအိမ်အချို့ကို အရေးပေါ် ပြောင်းရွှေ့လိုက်ရပါတယ်။ လက်ရှိမှာ ဒေသခံ မီးသတ်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီနဲ့ ပါတီလူငယ်တချို့ ပူးပေါင်းပြီး သဲအိတ်ကတုတ်တွေနဲ့ မြစ်ရေတိုက်စားတာကို ကာကွယ်နေပေမယ့် မြစ်ရေအရှိန်ပြင်းတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ဆက်ရှိနေပါတယ်။ ဓာတ်ပုံ - ထီးချိုင့်မြို့ခံတဦး  

A d v e r t i s e m e n t With Us

More News
Up