A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ ခြေစစ်ပွဲ ဆားဘီးယား ၁ ဂိုး – ၂ ဂိုး ပေါ်တူဂီ (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စု အိုင် ပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနဲ့ ပေါ်တူဂီတို့ အောက်တိုဘာ ၁၁ ရက်ညက ယှဉ်ပြိုင်ကစားကြရာ ပေါ်တူဂီအသင်းက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ ပေါ်တူဂီအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ၆ မိနစ်မှာ နာနီနဲ့ ပွဲချိန် ၇၈ မိနစ်မှာ မော်တင်ဟိုတို့က သွင်းယူပေးခဲ့တာပါ။ ဆားဘီးယားအတွက် ချေပဂိုးတဂိုးကို ဇိုရန် တိုဆစ်က ၆၅ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာ ဆားဘီးယားအသင်းက ကိုလာရော့ဘ် နှစ်ဝါ တနီနဲ့ အထုတ်ခံရပြီး နောက် တမိနစ်အကြာမှာ မာတစ်လည်း တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ဆားဘီးယားအသင်းဟာ ကျန်ပွဲချိန်တွေကို ၉ ယောက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒီအုပ်စုရဲ့ တခြားပွဲစဉ်မှာ အယ်လ်ဘေးနီးယားက အာမေးနီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စုအိုင်မှာ ၈ ပွဲကစား၊ ၇ ပွဲနိုင် ၁ ပွဲရှုံး၊ ရမှတ် ၂၁ မှတ်နဲ့ အုပ်စုပထမနေရာ၊ အယ်လ်ဘေးနီးယားအသင်းက ရမှတ် ၁၄ မှတ် အုပ်စု ဒုတိယနေရာကနေ ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up