Home
မြန်မာသတင်း
ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
October 11, 2015
12119079_406716056119646_163403912296085543_n
12118884_406715942786324_7575537176825564728_n
12088071_406715962786322_9027264096579366576_n
ရှမ်းပြည်နယ် တအာင်းဒေသ နမ့်ခမ်းမြို့နယ် ၇ ဖာလုံခန့်အကွာ နမ့်ဆရီးကျေးရွာအုပ်စု ပန်စံကျေးရွာအနီးမှာ ဆိုင်ကယ်ပေါ် တင်ဆောင်လာတဲ့ အိတ်အတွင်းကနေ ကာလတန်ဖိုး ကျပ် ၉၀၉ သိန်း  တန်ဖိုးရှိတဲ့ WY စာတမ်းပါ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၁ နာရီ ၄၅ မိနစ်က တအာင်းတပ်မတော် မူးယစ်အဖွဲ့နဲ့ ၁၁၂ တပ်ရင်းတို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ပန်းဆေးပြည်သူ့စစ်နယ်မြေစခန်းဘက်ကနေလာတဲ့ ဆိုင်ကယ်တစီးကို တားဆီးစစ်ဆေးရာကနေ ဆေးပြား အလုံးရေး ၆၀၆၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးသယ်လာတဲ့ ဟိုနားကျေးရွာနေ တရုတ်လူမျိုး အသက် ၃၈ နှစ်အရွယ် တွမ်ရှင်ဆန်း (ခ) လောအိုက်ကို ဖမ်းထားတယ်လို့ တအာင်းတပ်မတော်  သတင်းနဲ့ ပြန်ကြားရေး ဌာနရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - တီအန်အယ်လ်အေ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024