A d v e r t i s e m e n t With Us

ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာသူများ တာဝန်ကျရာထွက်ခွာ

ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့က ကာလရှည်လေ့လာသူတွေဟာ ရန်ကုန်မြို့ကနေ တာဝန်ကျရာ ဒေသတွေကို ဒီနေ့ မနက်ပိုင်းက ထွက်ခွာသွားပါတယ်။ လေ့လာသူ အယောက် ၃၀ ဟာ ပြည်နယ်နဲ့ တိုင်းအသီးသီးကို ထွက်ခွာသွားကြပြီး ဒါနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း တဆက်တည်း ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲဆိုင်ရာ အရာထမ်းတွေ၊ နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေ၊ လူမှုအသိုင်းအ၀ိုင်းနဲ့ မီဒီယာကိုယ်စားလှယ်တွေနဲ့လည်း တွေ့သွားမယ်လို့ ဒုတိယလေ့လာရေးမှူးချုပ် မတ်က် စတီဗင် (Mark Stevens)က ပြောပါတယ်။ ဒီအဖွဲ့မတိုင်ခင် စက်တင်ဘာလကုန်ပိုင်းကတော့ အဓိက လေ့လာရေးအဖွဲ့ ရောက်လာပြီးလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမကျင်းပခင် ရက်ပိုင်းအလိုမှာတော့ ကာလတို လေ့လာရေးသမား ၆၀ ကျော်နဲ့ ဥရောပ ပါလီမန်က ကိုယ်စားလှယ်အဖွဲ့ကလည်း အားဖြည့်သွားဦးမှာပါ။ ရွေးကောက်ပွဲနေ့မှာတော့ နော်ဝေ၊ ဆွစ်ဇာလန်နဲ့ ကနေဒါ အပါအ၀င် နိုင်ငံပေါင်း ၂၈ နိုင်ငံက လေ့လာသူ ၁၅၀ အထိ စေလွှတ်သွားဦးမှာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးရဲ့ ပဏာမ ထုတ်ပြန်ချက်ကို ရွေးကောက်ပွဲအပြီး မကြာခင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက လာရောက်လေ့လာဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားခဲ့တာ ဖြစ်ပြီး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up