A d v e r t i s e m e n t With Us

ဝန်ထမ်းကောင်းဖြစ်ရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူ့ဘ၀အဆင်ပြေရေးအတွက် ၀န်ထမ်းကောင်းတွေ ဖြစ်ဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး အောက်တိုဘာ ၁၁ ရက်နေ့ ဖောင်ကြီး မဲဆွယ်ဟောပြောပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က "အခုဖောင်ကြီးဘက်ကို လာတယ်ဆိုလို့ရှိရင် အားလုံးသိတဲ့ကိစ္စကတော့ ဝန်ထမ်းတွေ သင်တန်းပဲ။ အဲဒီဝန်ထမ်းတွေသင်တန်းနဲ့ပတ်သက်ပြီးတော့ ဖောင်ကြီးက နာမည်ကြီးပဲ နာမည်ကြီးလို့ နာမည်ကောင်းတယ်ပြောတာမဟုတ်ပါဘူး နာမည်ကြီးတယ်ပဲ ပြောတာပါ။ ဒီတော့ ကျမတို့နိုင်ငံမှာ ပြည်သူလူထုရဲ့ဘဝတွေ အဆင်ပြေဖို့အတွက် ဝန်ထမ်းတွေကကောင်းဖို့ အင်မတန်အရေးကြီးပါတယ်။ ဝန်ထမ်းဆိုကတည်းက ပြည်သူရဲ့ဝန်ထမ်းကို ထမ်းပေးဖို့ ပြည်သူရဲ့ဝန်ကို ပေါ့သွားအောင် လုပ်ပေးဖို့ဆိုတဲ့ အဓိပ္ပာယ် ရှိပါတယ်" လို့ ပြောကြားသွားပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖောင်ကြီးရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကလည်း နှုတ်ဆက်ကြိုဆိုခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတ၀န်းကို ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးနေပြီး ဒီနေ့မှာတော့ လှည်းကူးနဲ့ ဖောင်ကြီးကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်  

A d v e r t i s e m e n t With Us

More News
Up