တရုတ်နိုင်ငံတွင် ရေဆင်နှာမောင်း ၃ ခု ဖြတ်သန်း (ရုပ်သံ)

3.6K
တရုတ်နိုင်ငံ ၊ လောင်နင်းခရိုင် ဒါလီယန်မြို့ ကမ်းခြေမှာ အောက်တိုဘာ ၉ ရက်နေ့က အနည်းဆုံး ရေဆင်နှာမောင်း ၃ ခုဖြတ်သွားခဲ့တာကို ဒေသခံတဦးက ဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ထားခဲ့ပါတယ်။
အဲဒီနေ့မနက်အစောပိုင်းမှာ ကီလိုမီတာပေါင်းများစွာကနေ ဖြတ်လာတဲ့ ရေဆင် နှာမောင်းကို သူက မှတ်တမ်းတင်ထားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
နေ့လယ်ပိုင်းမှာတော့ တခြားဒေသခံတဦးက သူ့ရဲ့မိုဘိုင်းဖုန်းကို အသုံးပြုပြီး တိမ်တွေဆီက မဲမှောင်အုံ့ဆိုင်းပြီး ကမ်းခြေဆီ ၅ ကီလိုမီတာကနေ ၆ ကီလိုမီတာ လောက်အကွာအဝေးကနေ ဖြတ်သန်းလာတဲ့ ရေဆင်နှာမောင်းကို မှတ်တမ်းတင်ထား ခဲ့ပါတယ်။