ကသာအနီးတွင် ငလျင်လှုပ်

ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျစတာစကေး (၄.၇) အဆင့်ရှိ ငလျင်လှုပ်သွားခဲ့တယ်လို့ မိုးလေ၀သဌာနက ကြေညာပါတယ်။ ဒီနေ့မနက် ၆ နာရီ ၂၅ မိနစ်လောက်မှာ မန္တလေးမြေငလျင်စခန်းနဲ့ မိုင် ၁၅၀ ခန့်အကွာ ကသာမြို့ရဲ့ အနောက်တောင်ဘက် ၁၈ မိုင်ခန့်အကွာကို ဗဟိုပြုတဲ့ အင်အားအသင့်အတင့်ရှိ ငလျင် လှုပ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်လှုပ်သွားတဲ့ စစ်ကိုင်းတိုင်းအတွင်း အခုရက်ပိုင်း မိုးကြီးရေကြီးပြီး တောင်ကျချောင်းရေ ဒလဟောထိုးဆင်းမှုကြောင့် လူနဲ့ ကျွဲ၊ နွား သေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။ အောက်တိုဘာ ၈ ရက်ညပိုင်းက၊ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ကျောင်းကြီးကျေးရွာအနီးရှိ ဖုန်းသုန်းချောင်း ရေကျဆင်းတာကြောင့် လူ ၁၄ ယောက်၊ ကျွဲ ၁၉ ကောင်၊ နွား ၄ ကောင်တို့ ရေထဲမျောပါ ပျောက်ဆုံးခဲ့တယ်လို့ မြန်မာ့အလင်းသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up