ယူရိုခြေစစ်ပွဲ အဇာဘိုင်ဂျန် ၁- ၃ အီတလီ (ရုပ်သံ)

1.5K
အောက်တိုဘာ ၁၀ ရက်က ကစားခဲ့တဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ အီတလီအသင်းက အဇာဘိုင်ဂျန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
အီတလီအသင်းအတွက် ဂိုးတွေကို အက်ဒါက ၁၁ မိနစ်မှာ ၁ ဂိုး၊ စတီဖန်က ၄၃ မိနစ်မှာ ၁ ဂိုး၊ မက်တီအိုက ၆၅ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့တာပါ။ အဇာဘိုင်ဂျန်အတွက် တလုံးတည်းသောဂိုးကို နာဇာရော့ဗ်က မိနစ် ၃၀ မှာ သွားယူခဲ့တာ ဖြစ်ပါတယ်။
အီတလီအသင်းဟာ အုပ်စု H မှာ ရမှတ် ၂၁ မှတ်နဲ့ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်ပါတယ်။ အဇာဘိုင်ဂျန်အသင်းကတော့ ရမှတ် ၆ မှတ်သာ ရရှိထားပြီး အုပ်စုအောက်ဆုံး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။